User Avatar

Applied Business Economics

Lifetime
All levels
17 lessons
16 quizzes
40 students

အသုံးချ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒ သင်ခန်းစာက ကြိုဆိုပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒဘာသာရပ်မိတ်ဆက်သင်တန်းမှာ စီးပွားရေးလုပ်ငန်း ကို စီစစ်သုံးသပ်ရာမှာ အရေးပါတဲ့ ဘောဂဗေဒဘာသာရပ်ဆိုင်ရာ အခြေခံအချက်အလက်တွေကို နားလည်ပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတခုရဲ့ သဘောသဘာဝ၊ ဖွဲ့စည်း လည်ပတ်ပုံနဲ့ စွမ်းဆောင်ရည်တွေ အကြား ဆက်စပ်မှု၊ စီးပွားရေးလုပ်ငန်း တွေရဲ့ ပြုမူလုပ်ဆောင်ပုံတွေကိုလွမ်းမိုးတဲ့ အချက်တွေ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ တွေ့ကြုံရတဲ့ ကန့်သတ်ချက်တွေ၊ စတာတွေကို သိရှိနားလည်သဘောပေါက်ဖို့နဲ့ လက်တွေ့အသုံးချနိုင်ဖို့ မိုက်ခရို ဘောဂဗေဒပညာရပ် ရှု့ထောင့်ကနေ လေ့လာစဥ်းစားဆွေးနွေးတင်ပြသွားဖို့ဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်း

အခန်း ၁။ ဈေးကွက်ပြိုင်ဆိုင်မှုပုံစံ သဘောတရားနှင့် လက်တွေ့

အခန်း ၂။ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ပုံနှင့် စွမ်းဆောင်ရည်

အခန်း ၃။ ဈေးနှုံးသတ်မှတ်မှု သဘောတရားနှင့် လက်တွေ့

အခန်း ၄။ စီးပွားရေးလုပ်ငန်း နှင့် သဘာဝပတ်ဝန်းကျင်

အခန်း ၅။ စီးပွားရေးလုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်များကို ဆန်းစစ်ခြင်း

အခန်းတိုင်းမှာ သင်ခန်းစာ ၂ ခု ကနေ ၅ ခု လောက်အထိပါပြီး သင်ခန်းစာအဆုံးမှာ သင်ခန်းစာနဲ့ ပတ်သတ်ပြီး စဥ်းစားဆင်ခြင်သုံးသပ်သင့်တဲ့ အချက်တွေနဲ့ နားလည်မှုကို ဆန်းစစ်တဲ့ မေးခွန်းလွှာတွေ ပါဝင်ပါတယ်။ မေးခွန်းလွှာတခုမှာ ပါဝင်တဲ့ မေးခွန်းအရေအတွက်အပေါ်မူတည်ပြီး ၇၅ ကနေ ၁၀၀ ရာခိုင်နှုံးရမှာ အောင်မြင်မှာဖြစ်ပါတယ်။ မေးခွန်းလွှာတခုကို ၃ ကြိမ်ဖြေဆိုခွင့်ရမှာဖြစ်ပြီး သင်တန်းကို အောင်မြင်ပြီးမြောက်ဖို့အတွက် မေးခွန်းလွှာ ၁၆ ခု ရဲ့ ၆၂ ရာခိုင်နှုံး (၁၀ ခု)ကို အောင်မှတ်ရာခိုင်နှုံးရအောင် ဖြေဆိုနိုင်ဖို့လိုပါတယ်။ မှားယွင်းတဲ့မေးခွန်းလွှာကို ထပ်မံဖြေဆိုရန်အတွက် ရလဒ် ရာခိုင်နှုံးအောက်မှ Retake ကိုနှိပ်ပါ။ မေးခွန်းလွှာ ၂၁ ခုကို အောင်မြင်စွာဖြေဆိုပြီးရင် သင်တန်းအောင်မြင်စွာ ပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။

သင်ယူမှု ရလဒ်

ဤသင်တန်းတက်ရောက်ပြီးမြောက်ပါက အောက်ပါရလဒ်များကို ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

  • စီးပွားရေးလုပ်ငန်းတခု၏ ပြုမူလုပ်ဆောင်ပုံနှင့် ကျင်လည်လှုပ်ရှားနေသည့် ပတ်ဝန်ကျင်ကို စီစစ်သုံးသပ်ခြင်း
  • နေ့တဓူဝ ထုတ်လုပ်မှုနှင့် စားသုံးမှု ဖြစ်စဥ်များကို ဘောဂဗေဒဆိုင်ရာ တွေးခေါ်ဆင်ခြင်မှုများ၊ ပုံစံများနှင့် စီစစ်သုံးသပ်ချက်များကိုအသုံးပြု၍ စီစစ်သုံးသပ်နားလည်ခြင်း
  • သင်တန်းမှ ရရှိလာသည့် နားလည်မှု၊ ဗဟုသုတကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒ သဘောတရားနှင့် လက်တွေ့ပြသနာများကို ဖြေရှင်းနိုင်ခြင်း

ကိုးကားစာရင်း

Baye, M. R. (2017) Managerial Economics and Business Strategy (Ninth Edition) McGraw-Hill.

Sloman, J., Garrat, D., Guest, J. and Jones, E. (2016) Economics for Business (Seventh Edition) Pearson.

Worthington, I., Britton, C. and Rees, A. (2005) Economics for Business: Blending Theory and Practice (Second Edition); FT Prentice Hall

Overview ဖတ်ရှုပြီးပါက သင်ခန်းစာကို လေ့လာရန်အတွက် Curriculum tab ကိုနှိပ်ပါ။ သင်တန်းနဲ့ ပါတ်သက်တဲ့ မေးခွန်းလွှာတွေကို ဖြေဆိုနိုင်ဖို့နဲ့ သင်ခန်းစာပြီးဆုံးမှုကို မှတ်သားနိုင်ဖို့အတွက် ညာဖက် ဓါတ်ပုံအောက်ရှိ “Start Now” ကိုနှိပ်ပါ။