User Avatar

Introduction to Business Economics

Lifetime
All levels
15 lessons
14 quizzes
127 students

စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒမိတ်ဆက် သင်ခန်းစာက ကြိုဆိုပါတယ်။ ဘောဂဗေဒဘာသာရပ်နဲ့ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုအကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် ဒီသင်တန်းက တဖက်တလမ်း ကနေ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီသင်တန်းရဲ့ အဓိက ရည်ရွယ်ချက်တွေက စီးပွားရေးလုပ်ငန်းတခုရဲ့ သဘောသဘာဝ၊ ဖွဲ့စည်း လည်ပတ်ပုံတွေကို လေ့လာစီစစ်သုံးသပ်ရာမှာ အရေးပါတဲ့ ဘောဂဗေဒဘာသာရပ်ဆိုင်ရာ အခြေခံ သဘောတရားတွေကို သိရှိနားလည်သဘောပေါက်ဖို့ မိုက်ခရို ဘောဂဗေဒပညာရပ် ရှု့ထောင့်ကနေ လေ့လာစဥ်းစားဆွေးနွေးတင်ပြသွားဖို့ဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်း

အခန်း ၁။  စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒနိဒါန်း

အခန်း ၂။ စီးပွားရေးလုပ်ငန်းသဘောသဘာဝနှင့် ပတ်ဝန်းကျင်

အခန်း ၃။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒနောက်ခံ

အခန်း ၄။ စီးပွားရေးလုပ်ငန်း၏ စွမ်းဆောင်ရည်၊ ပိုင်ဆိုင်မှုပုံစံ နှင့် ရည်ရွယ်ချက်

အခန်း ၅။ စားသုံးသူနဲ့ ဈေးကွက်ဝယ်လိုအား

အခန်း ၆။ ရောင်းလိုအား၊ ကုန်ကျစရိတ်နှင့် အမြတ်

အခန်းတိုင်းမှာ သင်ခန်းစာ ၂ ခု ကနေ ၅ ခု လောက်အထိပါပြီး သင်ခန်းစာအဆုံးမှာ သင်ခန်းစာနဲ့ ပတ်သတ်ပြီး စဥ်းစားဆင်ခြင်သုံးသပ်သင့်တဲ့ အချက်တွေနဲ့ နားလည်မှုကို ဆန်းစစ်တဲ့ မေးခွန်းလွှာတွေ ပါဝင်ပါတယ်။ မေးခွန်းလွှာတခုမှာ ပါဝင်တဲ့ မေးခွန်းအရေအတွက်အပေါ်မူတည်ပြီး ၇၅ ကနေ ၁၀၀ ရာခိုင်နှုံးရမှာ အောင်မြင်မှာဖြစ်ပါတယ်။ မေးခွန်းလွှာတခုကို ၃ ကြိမ်ဖြေဆိုခွင့်ရမှာဖြစ်ပြီး သင်တန်းကို အောင်မြင်ပြီးမြောက်ဖို့အတွက် မေးခွန်းလွှာ ၁၄ ခုရဲ့ ၇၀ ရာခိုင်နှုံး (၁၀ ခု)ကို အောင်မှတ်ရာခိုင်နှုံးရအောင် ဖြေဆိုနိုင်ဖို့လိုပါတယ်။ မှားယွင်းတဲ့မေးခွန်းလွှာကို ထပ်မံဖြေဆိုရန်အတွက် ရလဒ် ရာခိုင်နှုံးအောက်မှ Retake ကိုနှိပ်ပါ။ မေးခွန်းလွှာ ၁၀ ခုကို အောင်မြင်စွာဖြေဆိုပြီးရင် သင်တန်းအောင်မြင်စွာ ပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။

သင်ယူမှု ရလဒ်

ဤသင်တန်းတက်ရောက်ပြီးမြောက်ပါက အောက်ပါရလဒ်များကို ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

  • စီးပွားရေးလုပ်ငန်းတခု၏ ပြုမူလုပ်ဆောင်ပုံနှင့် ကျင်လည်လှုပ်ရှားနေသည့် ပတ်ဝန်ကျင်ကို စီစစ်သုံးသပ်ခြင်း
  • နေ့တဓူဝ ထုတ်လုပ်မှုနှင့် စားသုံးမှု ဖြစ်စဥ်များကို ဘောဂဗေဒဆိုင်ရာ တွေးခေါ်ဆင်ခြင်မှုများ၊ ပုံစံများနှင့် စီစစ်သုံးသပ်ချက်များကိုအသုံးပြု၍ စီစစ်သုံးသပ်နားလည်ခြင်း
  • သင်တန်းမှ ရရှိလာသည့် နားလည်မှု၊ ဗဟုသုတကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒ သဘောတရားနှင့် လက်တွေ့ပြသနာများကို ဖြေရှင်းနိုင်ခြင်း

ကိုးကားစာရင်း

Baye, M. R. (2017) Managerial Economics and Business Strategy (Ninth Edition) McGraw-Hill.

Sloman, J., Garrat, D., Guest, J. and Jones, E. (2016) Economics for Business (Seventh Edition) Pearson.

Worthington, I., Britton, C. and Rees, A. (2005) Economics for Business: Blending Theory and Practice (Second Edition); FT Prentice Hall

Overview ဖတ်ရှုပြီးပါက သင်ခန်းစာကို လေ့လာရန်အတွက် Curriculum tab ကိုနှိပ်ပါ။ သင်တန်းနဲ့ ပါတ်သက်တဲ့ မေးခွန်းလွှာတွေကို ဖြေဆိုနိုင်ဖို့နဲ့ သင်ခန်းစာပြီးဆုံးမှုကို မှတ်သားနိုင်ဖို့အတွက် ညာဖက် ဓါတ်ပုံအောက်ရှိ “Start Now” ကိုနှိပ်ပါ။