Skip to content
SBS-MM

SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About
Facebook Twitter
SBS-MM
SBS-MM
  • Home
  • All Courses
  • Economics
  • Introduction to Business Economics

Introduction to Business Economics

Curriculum

  • 7 Sections
  • 15 Lessons
  • Lifetime
Expand all sectionsCollapse all sections
  • အခန်း ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘောဂဗေဒနိဒါန်း
    4
    • 2.1
      သင်ခန်းစာ ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒ
    • 2.2
      မေးခွန်းလွှာ ၁-၁
      10 Minutes2 Questions
    • 2.3
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒကို ဘာလို့လေ့လာသင့်သလဲ
    • 2.4
      မေးခွန်းလွှာ ၁-၂
      10 Minutes2 Questions
  • အခန်း ၂။ စီးပွားရေးလုပ်ငန်းသဘောသဘာဝနှင့် ပတ်ဝန်းကျင်
    4
    • 3.1
      သင်ခန်းစာ ၁။ စီးပွားရေး၏ အဓိပ္ပါယ်နှင့် သဘောသဘာဝ
    • 3.2
      မေးခွန်းလွှာ ၂-၁
      20 Minutes4 Questions
    • 3.5
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်း၏ ပတ်ဝန်းကျင်
    • 3.6
      မေးခွန်းလွှာ ၂-၂
      20 Minutes3 Questions
  • အခန်း ၃။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒနောက်ခံ
    4
    • 4.1
      သင်ခန်းစာ ၁။ ဘောဂဗေဒ၏ အဓိပ္ပါယ်
    • 4.2
      မေးခွန်းလွှာ ၃-၁
      20 Minutes4 Questions
    • 4.3
      သင်ခန်းစာ ၂။ ဈေးကွက် အင်အားစုများ
    • 4.4
      မေးခွန်းလွှာ ၃-၂
      20 Minutes4 Questions
  • အခန်း ၄။ စီးပွားရေးလုပ်ငန်း၏ စွမ်းဆောင်ရည်၊ ပိုင်ဆိုင်မှုပုံစံ နှင့် ရည်ရွယ်ချက်
    4
    • 5.1
      သင်ခန်းစာ ၁။ လုပ်ငန်းတခု၏ စွမ်းဆောင်ရည် နှင့် ရည်ရွယ်ချက်
    • 5.2
      မေးခွန်းလွှာ ၄-၁
      15 Minutes3 Questions
    • 5.3
      သင်ခန်းစာ ၂။ လုပ်ငန်းတရားဝင်ပိုင်ဆိုင်မှုပုံစံ
    • 5.4
      မေးခွန်းလွှာ ၄-၂
      15 Minutes3 Questions
  • အခန်း ၅။ စားသုံးသူနဲ့ ဈေးကွက်ဝယ်လိုအား
    8
    • 6.1
      သင်ခန်းစာ ၁။ စာသုံးသူ၏ အမူအကျင့်
    • 6.2
      မေးခွန်းလွှာ ၅-၁
      15 Minutes3 Questions
    • 6.3
      သင်ခန်းစာ ၂။ ဝယ်လိုအားဥပဒေသ
    • 6.4
      မေးခွန်းလွှာ ၅-၂
      10 Minutes2 Questions
    • 6.5
      သင်ခန်းစာ ၃။ စားသုံးသူရရှိသည့်အပိုတန်ဖိုး
    • 6.6
      မေးခွန်းလွှာ ၅-၃
      15 Minutes3 Questions
    • 6.7
      သင်ခန်းစာ ၄။ ဝယ်လိုအားအလျော့အတင်းတုံ့ပြန်မှု
    • 6.8
      မေးခွန်းလွှာ ၅-၄
      30 Minutes6 Questions
  • အခန်း ၆။ ရောင်းလိုအား၊ ကုန်ကျစရိတ်နှင့် အမြတ်
    4
    • 7.1
      သင်ခန်းစာ ၁။ ရောင်းလိုအားနှင့် ဈေးကွက်ရောင်းလိုအား
    • 7.2
      မေးခွန်းလွှာ ၆-၁
      10 Minutes2 Questions
    • 7.3
      သင်ခန်းစာ ၂။ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အမြတ်
    • 7.4
      မေးခွန်းလွှာ ၆-၂
      20 Minutes4 Questions
  • သင်တန်းနိဂုံး
    1
    • 13.1
      သင်တန်းနိဂုံးနှင့် သင်တန်းအပေါ်ကျေနပ်မှု စစ်တမ်း

သင်ခန်းစာ ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒ

စီးပွားရေးလုပ်ငန်း ဆိုင်ရာဘောဂဗေဒ ဆိုတာ အဓိကအားဖြင့် ကုမ္ပဏီသို့မဟုတ်စီးပွားရေးလုပ်ငန်း၊  ဒီလုပ်ငန်း လည်ပတ်လှုပ်ရှားနေတဲ့ပတ်ဝန်းကျင် နဲ့ လုပ်ငန်းကချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက လုပ်ငန်းအပေါ်၊ စားသုံးသူ၊ ကုန်ကြမ်းပစ္စည်းသွင်းသူ၊ ပြိုင်ဖက်နဲ့ လူဘောင်အဖွဲ့အစည်းတခုလုံးအပေါ် အကျိုးသက်ရောက်မှုတွေ  ကို ဘောဂဗေဒရှု့ထောင့်ကနေ လေ့လာတဲ့ ဘာသာရပ်ပါ။

ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ထုတ်လုပ်ရာမှာ လိုအပ်တဲ့ အရင်းအမြစ်တွေကို ရယူတာ၊ ဒီအရင်းအမြစ်တွေကို လူသားတွေရဲ့ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒတွေဖြည့်ဆည်းဖို့အတွက် ကုန်စည်နဲ့  ၀န်ဆောင်မှုများအဖြစ် အသွင်ပြောင်းတာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် တွေကို လွှမ်းမိုးချုပ်ကိုင် အထောက်အကူပြုနေတဲ့ အကြောင်းချင်းရာတွေကို လေ့လာတာပါ။ တနည်းဆိုရရင်တော့ ထုတ်လုပ်မှုနဲ့ စားသုံးမှုဖြစ်စဥ်တွေနဲ့ ဒီဖြစ်စဥ်ရဲ့ ပတ်ဝန်းကျင်နဲ့ ဖြစ်စဥ်ရဲ့ အကျိုးသက်ရောက်မှုကို လေ့လာတဲ့ ဘာသာရပ်ဖြစ်ပါတယ်။  

ဒီလို ထုတ်လုပ်မှုနဲ့ စားသုံးမှုဖြစ်စဥ်တွေကို အလေးပေး လေ့လာတဲ့အတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘောဂဗေဒက

  • စားသုံးသူတွေရဲ့ အမူအကျင့်နဲ့ ဒီအမူအကျင့်တွေကို ပြဌာန်းတဲ့အချက်တွေ
  • စားသုံးသူတွေရဲ့ ဝယ်လိုအားကို ပြဌာန်းတဲ့အချက်တွေ
  • ဈေးနှုံးအပြောင်းအလဲ အပေါ်စားသုံးသူတွေရဲ့ တုန့်ပြန်ချက်
  • ဝင်ငွေအတက်အကျနဲ့ ပြိုင်ဖက်ရဲ့ ဈေးနှုံးအပြောင်းအလဲ အပေါ်စားသုံးသူတွေရဲ့ တုန့်ပြန်ချက်
  • စားသုံးသူတွေရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပြုမူဆောင်ရွက်ပုံ
  • စီးပွားရေးလုပ်ငန်းတွေရဲ့ အမူအကျင့်နဲ့ ဒီအမူအကျင့်တွေကို ပြဌာန်းတဲ့အချက်တွေ
  • စီးပွားရေးလုပ်ငန်းတခုရဲ့ ထုတ်ကုန်၊ ကုန်ထုတ်စရိတ်နဲ့ အမြတ်အကြား ဆက်စပ်မှု
  • စီးပွားရေးလုပ်ငန်းတခုရဲ့ ပြုမူဆောင်ရွက်ပုံနဲ့ စွမ်းဆောင်ရည်အပေါ် ဈေးကွက်ပြိုင်ဆိုင်မှုပုံစံရဲ့ အကျိုးသက်ရောက်မှု အတိုင်းအတာ
  • ဈေးကွက်ပြိုင်ဆိုင်မှုအပေါ် စီးပွားရေးလုပ်ငန်းတခုရဲ့ လွမ်းမိုးနိုင်မှုအတိုင်းအတာ
  • စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အမူအကျင့်က လူဘောင်လောကအပေါ် အကျိုးသက်ရောက်မှု စတာတွေကို လေ့လာစီစစ်သုံးသပ်အဖြေရှာရာမှာ အရေးပါပါတယ်။

စဥ်းစားဆွေးနွေးရန်အချက်။

သင်အနေနဲ့ လမ်းထိပ်မှာ ကော်ဖီဆိုင်တဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတယ်ဆိုပါစို့။ ကော်ဖီဆိုင်လုပ်ငန်း ရဲ့ အပြုအမူနဲ့ သဘောသဘာဝကို ဘယ်လို ဖေါ်ထုတ်၊ စီစစ်၊ သုံးသပ်မလဲ။

သင်ခန်းစာ ဗီဒီယိုကို ကြည့်ရှုပြီး သို့မဟုတ် သင်ခန်းစာကို ဖတ်ပြီး ပါက Complete သို့မဟုတ် Next ကိုနှိပ်ပြီး နောက်သင်ခန်းစာ၊ မေးခွန်းလွှာကို ကူးပြောင်းပါ။

12 Comments

  1. Khin Aye Myint says:
    July 12, 2021 at 1:30 pm

    ​ကော်ဖီဆိုင် ဖြစ်တဲ့အတွက် လဖက်ရည်ဆိုင်နဲ့မတူပါဘူး ​ကော်ဖီ​ကောင်း​ကောင်းရ​အောင် ​ကေ်ာဖီ​စေ့ ​လှော်နည်းတတ်​အောင်အရင်​လေ့လာရပါမယ်
    ကိုယ်စားသုံးသူအများစုက ဘယ်လို​ကော်ဖီမျိုးကို ဘယ်​စျေးနဲ့ဆို​သောက်မလဲ ဆိုတာ အရင်​လေ့လာရပါ့မယ် အဲပီ​းတော့မှ ဆိုင် အခင်းအကျင်းနဲ့ ဝန်​ဆောင်မှုကိုစဥ်းစားပါမယ်

    Reply
  2. Su Hlaing says:
    July 12, 2021 at 7:54 pm

    ကော်ဖီဆိုင်နှင့်ပတ်သက်၍ ကျွမ်းကျင်မှုရှိသောဝန်ထမ်း၊ ဆိုင်တည်ရှိမည့် ပတ်ဝန်းကျင်ရှိ စားသုံးသူတို့၏ စားသုံးမှုပုံစံ၊ စားသုံးသူရရှိနိုင်မှုနှင့် စားသုံးသူ၏သုံးစွဲနိုင်မှု၊ ပြိုင်ဘက်အနေအထား၊ ရောင်းချရနိုင်မှုနှင့်အမြတ်ငွေရရှိမှုအခြေအနေ စသည်တို့ပါဝင်သော plan တခုစဉ်းစားပါမည်
    သွားလာရေးလွယ်ကူပြီး လိုအပ်သောကုန်ကြမ်းလွယ်ကူစွာရရှိနိုင်မှု၊ ကော်ဖီဆိုင်သဘောသဘာဝအရ သက်တောင့်သက်သာရှိသည့် ပတ်ဝန်းကျင် နှင့် ထင်သာမြင်သာရှိသော သင့်တင့်သည့်နေရာ ရွေးချယ်ဖို့၊ သူငယ်ချင်းများနှင့်သော်လည်းကောင်း၊ မိသားစုဖြင့်သော်လည်းကောင်း၊ တဦးတယောက်တည်းအနေဖြင့်သော်လည်းကောင်း အနားယူနိုင်သည့် အနေအထားမျိုးဖြစ်စေရန် စဉ်းစားပါမည်
    မိမိရင်းနှီးမြုပ်နှံနိုင်သည့် ပမာဏနှင့်လိုက်လျောညီထွေဖြစ်မည့် စွဲဆောင်မှုရှိပြီး သက်တောင့်သက်သာဖြစ်စေမည့် ဒီဇိုင်းပုံစံ (ပရိဘောဂများအပါအဝင်) စဉ်းစားပါမည်
    ကော်ဖီနှင့် စပ်ဆက်သော အသိုက်အဝန်း၊ ကော်ဖီဆိုင်တည်ရှိမည့် အသိုက်အဝန်းနှင့် မိတ်ဖက်ပြုလုပ်ခြင်းကို စဉ်းစားပါမည်
    ကော်ဖီဆိုင်မဖွင့်မီ ကြော်ငြာခြင်းအစီအစဉ်ကို ထည့်သွင်းပြုလုပ်ပါမည်
    စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်ရန်လည်း မိမိစိတ်ကို အကောင်းဘက်မှ ပြင်ဆင်ထားရပါမည်

    Reply
  3. Han Win Aung says:
    July 12, 2021 at 8:49 pm

    ​ကော်ဖီဆိုင် တစ်ဆိုင် က ဘယ်လို လည်ပတ်သလဲ၊ ကုန်ကြမ်းပစ္စည်း​တွေကို ဘယ်လိုပုံစံနှင့် ရယူသလဲ၊ စားသုံးသူ​တွေကို ဘယ်လို ဝန်​ဆောင်မှု​တွေ ​ပေးသလဲ၊ စားသုံးသူ​တွေဆီက အကြုံပြုချက်​တွေကို ဘယ်လိုမျိုး ရယူ​ဖြေရှင်း​​လေ့ရှိသလဲ၊ ​စျေးနှုန်း​တွေကို ဘယ်အချိန်မှာ ​ပြောင်းလဲ​လေ့ ရှိသလဲ ဆိုတာ​တွေကို မိမိဖွင့်မည့်ဆိုင်အနီးပတ်ဝန်းကျင် (သို့မဟုတ်) မိမိဖွင့်မည် ဆိုင် နှင့်အမျိုးအစားတူ၊ မိမိယှဥ်ပြိုင်မည့် ​စျေးကွက်အတွင်းရှိ ဆိုင်များသို့ ကိုယ်တိုင်သွား​ရောက်၍ (သို့) ​စျေးကွက်သု​တေသန လုပ်ငန်းများတဆင့် ​လေ့လာစီစစ် ​ဖော်ထုတ်ရပါမည်

    Reply
  4. MyoMyatThuzar says:
    July 13, 2021 at 12:17 am

    ကော်ဖီဆိုင်ဖွင့်ဖို့စဥ်းစားထားရင်အရင်ပတ်ဝန်းကျင်ရွေးရပါမယ်၊၊ဆူညံမှုသိပ်မရှိတဲ့နေရာဖြစ်ရပါမယ်၊၊ထို့နောက်ဆိုင်အပြင်အဆင်သေချာပြုလုပ်ရပါမယ်။ကော်ဖီဆိုင်နဲ့လ္ဘက်ရည်ဆိုင်မတူလို့ကော်ဖီသောက်သူအများစုသည်အေးဆေးတိတ်ဆိတ်ခြင်းကိုနှစ်သက်ကြပါတယ်။ထို့နောက်ကော်ဖီအမျိုးအစားအလိုက်ကျွမ်းကျင်စွာဖျော်တတ်သောကျွမ်းကျင်သူများခန့်ထားပီဝန်ဆောင်မှုကောင်းအောင်လုပ်ရပါမယ်၊၊သန့်ရှင်သပ်ရပ်မှုကိုဦးစားပေးရပါမယ်၊၊သွားလာရလွယ်ကူအဆင်ပြေသောနေရာဖြစ်ဖို့လည်းလိုပါတယ်၊၊စျေးနှုန်းလည်းအရမ်းမြင့်မားသောနှုန်းမဖြစ်ဖို့လိုပါမယ်၊၊

    Reply
  5. Chan Chan says:
    July 15, 2021 at 11:29 am

    ကော်ဖီဆိုင်ဖွင့်မှာဖြစ်တဲ့အတွက် ကော်ဖီနဲ့ ပတ်သက်တဲ့ ဘာသာရပ်ကိုအရင်လေ့လာပါမယ်။
    ကိုယ်တိုင် ကော်ဖီဖျော်နည်း မတတ်မြောက်ရင် ကော်ဖီဖျော်တဲ့ ပညာကို ဖြစ်အောင်သင်ထားတဲ့ professional barista ကို ငှားပါမယ်။
    ကော်ဖီဆိုင်ဖွင့်ဖို့ အရင်းစုပါမယ်၊ Investmentရှာ စပ်တူသို့မဟုတ် တစ်ယောက်ထဲ (ဆိုင်ခန်းခ/ furniture/ barista ငှားခ/ machine/ electricity bill/ etc…)
    ဒါတွေစုပြီးရင် အရင်ဆုံး coffee consumer market ကို research လုပ်ပါမယ် (‌age, taste)
    လူကြိုက်အများဆုံး coffee တွေကို list လုပ်ပြီး barista နဲ့ Menu ပြင်ပါမယ်
    location ကို typical cafe ပုံစံ တိတ်ဆိတ်တဲ့ နေရာကိုရွေးပါမယ်/ decoration ကိုတစ်ခြား cafe နဲ့ မတူအောင် coffee သောက်ရင်းလုပ်အများစုလုပ်တတ်တဲ့ အရာတွေပါအောင်ပြင်ပါမယ် (eg, book, music, pet, dessert and mini meeting room)
    သန့်ရှင်းမှုနဲ့ safety ဖြစ်မှုကိုဦးစားပေးရပါမယ်
    customer service ကို ကောင်းနိုင်သလောက်အကောင်းဆုံးလုပ်ရပါမယ်
    staff ရှိရင် managerက training ပေးပါမယ်
    Good quality and affordable price ဖြစ်ဖို့ ဦးစားပေးရပါမယ်
    Target customer class and age ကိုထည့်တွက်ပြီး price range ကို cup size အနေနဲ့ ခွဲပါမယ်
    Take away or ထိုင်စား system ၂ခုလုံးအတွက် ပြင်ဆင်ပါမယ်
    နောက်ဆုံးအနေနဲ့ စစဖွင့်ချင်း month promotion နဲ့ digital marketing ဆင်းပါမယ်
    နေ့ထူးနေ့မြတ်တွေနဲ့ ကိုက်ညီတဲ့ ဆိုင်တွင်း mini event နဲ့ promotion လုပ်ပါမယ်

    Reply
  6. Sai Kaung Htet says:
    July 17, 2021 at 11:09 am

    မိမိအနေနဲ့ လုပ်ငန်းပတ်ဝန်းကျင်ကို စတင်လေ့လာပါမယ်။ မိမိ လုပ်ငန်းစတင်မယ့် လုပ်ငန်းပတ်ဝန်းကျင်ဟာ ကော်ဖီနဲ့ရင်းနှီးကျွမ်းဝင်မယ့် ပုံစံရှိမရှိကိုအရင်လေ့လာပါမယ်။ မြန်မာလူမျိုးတွေဟာ လက်ဖက်ရည်ကိုသာ အစဥ်တစိုက် သောက်သုံးသူတွေ ဖြစ်တဲ့ အတွက် မိမိရဲ့ ကော်ဖီနဲ့ ယှဥ်လာရင် စားသုံးသူတွေ ရဲ့ ဝယ်လိုအားဟာ လျော့နည်းနိုင်ပါတယ်။ အဲ့ဒါကြောင့် မိမိရဲ့ လုပ်ငန်းတည်နေရာကို မြို့ထဲ လူစည်ကားရာနေရာ၊ အဓိက အချက်အချာကျတဲ့နေရာတွေမှာဖွင့်လှစ်ခြင်းဖြင့် ဝယ်လိုအားမြင့်မားမယ့်နေရာတွေကို အရင်လေ့လာပါမယ်။ နောက်ပြီး မြို့ထဲနေရာတွေမှာဖွင့်မယ်ဆိုရင်လည်း မိမိနည်းတူ ဖွင့်နေတဲ့ ကော်ဖီဆိုင်တွေရဲ့ အခြေအနေကို လည်းလေ့လာပြီး ကိုယ့်ရဲ့ဆိုင်နဲ့နှိုင်းယှဥ်ပြီး ပိုမိုတိုးတက်အဆင်ပြေအောင် ကြိုးစားရပါမယ်။

    Reply
  7. မင်းနိုင် says:
    July 18, 2021 at 11:49 am

    ကော်ဖီဆိုင်တစ်ဆိုင်အတွက် ရင်းနှီးမြုပ်နှံမှုက လူတော်တော်များများအတွက် တတ်နိုင်တဲ့ပမာဏပါပဲ။ဒါပေမယ့်အောင်မြင်အောင်နဲ့ရေရှည်တည်တန့်အောင်လုပ်နိုင်ဖို့ကတော့ လူအနည်းငယ်မှာပဲ အရည်အချင်းရှိပါတယ်။
    လူအများနဲ့မတူတဲ့ အရသာ ဝန်ဆောင်မှု စျေးနှုန်းနဲ့နေရာတွေဟာအရေးတကြီးထည့်သွင်းစဥ်းစားရမယ့်အရာတွေဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ target customers ဘယ်သူတွေအတွက်ဖွင့်မှာလဲ ဆိုတာပါပဲ ဆရာ။

    Reply
  8. Moe says:
    July 19, 2021 at 6:11 pm

    လမ်းထိပ်မှာ ကော်ဖီဆိုင်ဖွင့်မယ်ဆိုပါက –

    ၁) အဲဒီလမ်းပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားလုပ်ကိုင်နေသူတွေက ဘယ်သူတွေလဲ၊ သူတို့ဘာတွေလုပ်ကိုင်ကြပြီး ဝင်ငွေနဲ့ စားသုံးမှု ပုံစံဘယ်လို အနေအထားရှိသလဲ၊ အရေအတွက်အားဖြင့် ဘယ်လောက်ရှိလဲ၊ ဘယ်အရွယ်တွေများသလဲ၊ ကျား/မ ဘယ်သူပိုများလဲ၊ သူတို့ ကော်ဖီသောက်လေ့ရှိသလား၊ ဘာကော်ဖီအမျိုးအစားတွေ နှစ်သက်မလဲ စတဲ့အချက်တွေကို သိဖို့ မြေပြင်မှာ အချက်အလက်ကောက်ယူပါမယ်။

    ၂) အဲဒီလမ်းထဲနဲ့ ပတ်ဝန်းကျင်မှာ ကော်ဖီဆိုင် ဖွင့်ပြီးသား ဘယ်နှဆိုင်ရှိသလဲ၊ ဘာကော်ဖီတွေကို ရောင်းကြသလဲ၊ ဘယ်ဈေးနှုန်းနဲ့ရောင်းကြသလဲ ဆိုတာနဲ့ သူတို့ရဲ့ရောင်းအားတွေကို အကြမ်းအားဖြင့် သိနိုင်ဖို့ ကြိုးစားပါမယ်။

    ၃) ကော်ဖီသောက်သူဖြစ်နိုင်မယ့်လူဦးရေနဲ့ အသက်အရွယ်အလိုက် စားသုံးမှုသဘာဝတွေ အကြိုက်တွေကို ခန့်မှန်းနိုင်လာတဲ့အခါ ဘယ်လောက်ဈေးနှုန်းနဲ့ရောင်းရင်၊ ဘယ်လိုပုံစံမျိုးနဲ့ရောင်းရင် သောက်သုံးသူဘယ်လောက်ဖြစ်နိုင်မလဲ ဆိုတဲ့ ဖြစ်နိုင်ချေ ဈေးကွက်အရွယ်အစားနဲ့ အဲဒီဈေးကွက်ပမာဏအနေအထားအတွက် ထုတ်လုပ်မှုနဲ့ အထွေထွေကုန်ကျစရိတ်နဲ့ အမြတ်ကို ခန့်မှန်းတွက်ချက်နိုင်ဖို့ ကြိုးစားပါမယ်။

    ၄) ကော်ဖီနဲ့ ကုန်ကြမ်းဝယ်ယူရေးအတွက် suppliers လက်ကားလက်လီဈေးကွက်တွေနဲ့ ကိုယ်လိုချင်တဲ့ ကော်ဖီအမျိုးအစားနဲ့ ကုန်ကြမ်းတွေကို ဘယ်လိုဝယ်ယူရသလဲ၊ ဘယ်လောက်ကမာဏ ကြိုဝယ်ရမလဲ၊ ကုန်ကြမ်းမပြတ်ရအောင် ဘယ်လိုစီစဉ်ရမလဲ၊ ငွေပေးချေမှုကို ငွေသားအနည်းဆုံးသုံးစွဲရစေအောင် စသဖြင့် ချိတ်ဆက်ဝယ်ယူနိုင်ဖို့ ကြိုးစားပါမယ်။

    ၅) ကော်ဖီဖျော်တဲ့ နည်းပညာ၊ တွဲဖက်စားသုံးဖို့ ရောင်းချမယ့်မုန့်များ ပြုလုပ်ခြင်း၊ ကိုင်တွယ်ထိန်းသိမ်းခြင်းနဲ့ ဆိုင်အတွင်းအထွေထွေလိုအပ်ချက်များအတွက် ကျွမ်းကျင်ဝန်ထမ်းအချို့ရနိုင်ဖို့ နဲ့ ဝန်ထမ်းအသစ်များကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ကြိုးစားချိတ်ဆက် စီစဉ်လုပ်ကိုင်ပါမယ်။

    ၆) ကော်ဖီဆိုင်အသစ်အနေနဲ့ ရောင်းအားတက်စေမယ့် အလားအလာအကောင်းဆုံးအရောင်းမြှင့်နည်းလမ်းများကို ကော်ဖီအသောက်အများဆုံးအရွယ်ရှိသူတွေအတွက် အဓိကထားပြီး ဆွဲဆောင်မှုရှိအောင် ဖန်တီးပါမယ်။

    ၇) ကော်ဖီဆိုင် ပတ်ဝန်းကျင်တွင် ကော်ဖီဆိုင်ဖွင့်ထားမှုကြောင့် ပတ်ဝန်းကျင်သန့်ရှင်းမှုအတွက် အနှောင့်အယှက်မဖြစ်စေရအောင် အထူး၈ရုစိုက်ပါမယ်။ ကော်ဖီဆိုင်သို့လာသောက်သူများစိတ်ကျေနပ်မှုရှိရုံသာမက အနီးပတ်ဝန်းကျင်တွင်လည်း ကော်ဖီဆိုင်အသစ်တစ်ခု ဖွင့်လာမှုကြောင့် စားသုံးမှုအာဟာရတန်ဖိုးအတွက် စိတ်ချရပြီး ပစ္စည်းမှန် ဈေးတန်သော ကော်ဖီဆိုင်ကောင်းတစ်ခု ဖြစ်လာဖို့ ဈေးကွက်နဲ့ စားသုံးသူတုံ့ပြန်မှုအ နေအထားပေါ်မူတည်လျက် ပြင်ဆင်ကြိုးစားပါမယ်။

    Reply
  9. Aung Sett Paing says:
    August 17, 2021 at 10:32 pm

    လမ်းထိပ်တွင် ကော်ဖီဆိုင်ဖွင့်ဖို့​ြ့ပင်ဆင်နေတယ်ဆိုပါက
    1)ကိုယ့်ရဲ့ Target ကိုအရင်သတ်မှတ္ပါမယ်။
    2)ပတ်၀န်းကျင်ရဲ့ လူနေမှုအဆင့်အတန်းနဲ့ ၄င်းတို့ရဲ့ ၀င်ငွေတွေကို လေ့လာပါမယ်
    3)ကော်ဖီအကြောင်းကို ကျွမ်းကျင်စွာ သိရှိနားလည်ပြီး အတွေ့အကြုံရှိသူ Employeeများ ကိုရှာဖွေပါမယ်။
    4)၄င်းပတ်၀န်းကျင်နဲ့ အံကိုက္မယ့် စျေးနှုန်းနဲ့ပစ္စည်း တန်ဖိုးနဲ့ညီမျှအောင် သတ်မှတ္ပါမယ်။
    5)ရောင်းလို အားတက်စေမယ့် Marketing တွေကိုရှာဖွေပါမယ်။
    6)စျေးများသည် နည်းသည် မသတ်မှတ္ပဲ
    ဆိုင်ရဲ့သန့်ရှင်းသပ်ရပ်မှု၊ Employee များရဲ့
    ၀န်ဆောင်မှုကောင်းမှု၊ စတဲ့ International Standard နဲ့ညီတဲ့ နည်းလမ်းများကိုကျင့်သုံးပါမယ်။

    Reply
    1. Kyawgyi says:
      August 25, 2021 at 2:36 am

      (၁) မိမိကိုယ်တိုင်(သို့)လုပ်ငန်းကြီးကြပ်ရန်လူရင်းတစ်ဦး (သို့)နှစ်ဦးစလုံး ​ကော်ဖီ​စေ့ နှင့် ​ကော်ဖီ​ဖျော်စက်အ
      ကြောင်းကိုတတ်ကျွမ်း​အောင်သင်ယူ​လေ့လာရမည်။
      (၂) သင်ယူ​နေစဥ် ပွဲစားဖြင့်​​ကော်ဖီဆိုင်ဖွင့်ရန်နေရာရှာခိုင်းထာရမည်။ဝန်ထမ်း​ခေါ်ယူ​ရွေးချယ်ရန်စီစဥ်ထားမည်။မုန့်ဆရာရှာထားရမည်။
      (၃) သင်တန်းတတ်​မြောက်​သောအခါ
      အသွားအလာများ​သော ရပ်ကွက်​နောက်ခံရှိ​သောဆိုင်​နေရာကိုမိမိသုံးစွဲနိုင်သည့်​စျေးဖြင့်​ရွေးချယ်ပြီးငှားရန်းရမည်။
      (၄) ဆိုင်တွင်းပြသ်ဆင်မှုစတင်ပြီး ​​ကော်ဖီနှင့်ပတ်သက်​သောပစ္စည်းများဝယ်ယူ၊ဝန်ထမ်းအပြီးသတ်​ရွေးချယ်ပြီးသင်ကြားမှုစတင်ရမည်။
      (၅) မိမိကကုန်ကျစရိတ်၊​စျေးနှုန်းသတ်မှတ်ရမည်။
      အခြား​သောထည့်​ရောင်းသင့်သည့်မုန့်များကိုလည်း​ရောင်းချရန်စဥ်းစားရမည်။
      (၆) အချိန်ကြာစွာထိုင်တတ်သဖြင့်​နေရာလုံ​လောက်​အောင်လည်းခုံ​သေး​သေးလှလှ​လေးများလုပ်ရမည်။
      ငြိမ်းချမ်းပြီး ​အေး​နေရန်ဝန်​ဆောင်မှု​ပေးထားရမည်။
      ​စျေးနှုန်းများမီနူးတွင်​ရေးသားထားပြီးဝန်ထမ်းများဆက်ဆံ​ရေး​ကောင်းမွန်ရန်သင်ကြားထားရမည်။

      Reply
  10. Ngwar Nyi Nyi says:
    August 26, 2021 at 12:14 am

    #နာမည်ကြီးကော်ဖီဆိုင်များတွင် အရင်လေ့လာမည်
    #ကုန်ကြမ်းရယူမည့်နေတာ အဆက်အသွယ်အရင်ရှာမည်(အဆင်ပြေလျှင်)
    #ကော်ဖီဖျော်တဲ့သူငှားဖို့စဥ်းစားမယ်(သို့)ကိုယ်တိုင်သင်တန်းတက်
    မယ်(ကုန်ကျစရိတ်ခန့်မှန်းမယ်)
    #နေရာရွှေးချယ်မည်(အေးဆေး တိတ်ဆိတ်ရာနေရာဖြစ်ရမည်)
    #​​ဆိုင်ခန်းပြင်ဆင်မယ်
    #အမြတ်မရခင်လိုအပ်သည်ထက်ပို၍ကုန်ကျစရိတ်သက်သာအောင်ဆိုင်ကြီးအငယ်နေရာဒေသကိုလိုက်၍(ပြင်ဆင်စရိတ်နှင့်အလုပ်သမားခကိုစီစစ်မည်)
    #နေရာဒေသ နှင့် ကုန်ကျစရိတ်ပေါ်မူတည်ပြီး စျေးနှုန်းကိုယခုလက်ရှိခြေနေနှင့်နောဖြစ်လာ မဲ့ စျေးနှုန်းကိုကြိုခန့်မှန်းမယ် သင့်သင့်မျှတတဲ့စျေးနဲ့သတ်မှတ်မယ် (အလွှာအသီးသီးသုံးဆောင်နိုင်ရန်)

    Reply
  11. minhsanaung@gmail.com says:
    March 19, 2022 at 12:02 pm

    ကော်ဖီဆိုင်ဖွင့်မယ်ဆိုရင်
    ၁)အရသာကောင်းတဲ့ ကော်ဖီတစ်ခွက်ကို ဘယ်လိုလုပ်ရမလဲဆိုတာသိရပါမယ်။ ပစ္စည်းကောင်းမှ စားသုံးသူရေရှည်ခံမှာပါ။
    ၂) ကိုယ်ဖွင့်လှစ်မယ့်နေရာအနီးအနားမှာရှိတဲ့ ကော်ဖီတွေရဲ့ အရသာ၊ဈေးနှုန်း၊ ဝန်ဆောင်မှု အစရှိတဲ့အရာတွေကို ဈေးကွက် သုတေသနလုပ်ရပါမယ်။
    ၃) ဈေးကွက်က ဘယ်လိုအရသာကို ပိုကြိုက်လဲဆိုတာကိုလဲ သိအောင်လုပ်ရပါမယ်။
    ၄) အဲဒါတွေသိပြီဆိုရင်တော့ business plan ရေးဆွဲပြီးတော့ လုပ်ငန်းအတွက် ငွေကြေးနဲ့ လိုအပ်တဲ့ အင်အားစုတွေကို စုဆောင်းပြီး စတင်လည်ပတ်လို့ရပါပြီ။
    ၅) အရေးကြီးဆုံးကတော့ အခြေနေက ကိုယ်မှန်းသလို မဖြစ်လာရင် (ဥပမာ – covid ကပ်ရောဂါလို အခြေနေမျိုးကြုံတွေ့လို့ ) ဘယ်လို လုပ်မလဲဆိုတာ plan B အနေနဲ့ စဥ်းစားထားသင့်ပါတယ်။

    Reply

Leave a Reply to Chan Chan Cancel reply

မေးခွန်းလွှာ ၁-၁
Next
Facebook Twitter

© 2025 SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About