Skip to content
SBS-MM

SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About
Facebook Twitter
SBS-MM
SBS-MM
  • Home
  • All Courses
  • Economics
  • Introduction to Business Economics

Introduction to Business Economics

Curriculum

  • 7 Sections
  • 15 Lessons
  • Lifetime
Expand all sectionsCollapse all sections
  • အခန်း ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘောဂဗေဒနိဒါန်း
    4
    • 2.1
      သင်ခန်းစာ ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒ
    • 2.2
      မေးခွန်းလွှာ ၁-၁
      10 Minutes2 Questions
    • 2.3
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒကို ဘာလို့လေ့လာသင့်သလဲ
    • 2.4
      မေးခွန်းလွှာ ၁-၂
      10 Minutes2 Questions
  • အခန်း ၂။ စီးပွားရေးလုပ်ငန်းသဘောသဘာဝနှင့် ပတ်ဝန်းကျင်
    4
    • 3.1
      သင်ခန်းစာ ၁။ စီးပွားရေး၏ အဓိပ္ပါယ်နှင့် သဘောသဘာဝ
    • 3.2
      မေးခွန်းလွှာ ၂-၁
      20 Minutes4 Questions
    • 3.5
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်း၏ ပတ်ဝန်းကျင်
    • 3.6
      မေးခွန်းလွှာ ၂-၂
      20 Minutes3 Questions
  • အခန်း ၃။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒနောက်ခံ
    4
    • 4.1
      သင်ခန်းစာ ၁။ ဘောဂဗေဒ၏ အဓိပ္ပါယ်
    • 4.2
      မေးခွန်းလွှာ ၃-၁
      20 Minutes4 Questions
    • 4.3
      သင်ခန်းစာ ၂။ ဈေးကွက် အင်အားစုများ
    • 4.4
      မေးခွန်းလွှာ ၃-၂
      20 Minutes4 Questions
  • အခန်း ၄။ စီးပွားရေးလုပ်ငန်း၏ စွမ်းဆောင်ရည်၊ ပိုင်ဆိုင်မှုပုံစံ နှင့် ရည်ရွယ်ချက်
    4
    • 5.1
      သင်ခန်းစာ ၁။ လုပ်ငန်းတခု၏ စွမ်းဆောင်ရည် နှင့် ရည်ရွယ်ချက်
    • 5.2
      မေးခွန်းလွှာ ၄-၁
      15 Minutes3 Questions
    • 5.3
      သင်ခန်းစာ ၂။ လုပ်ငန်းတရားဝင်ပိုင်ဆိုင်မှုပုံစံ
    • 5.4
      မေးခွန်းလွှာ ၄-၂
      15 Minutes3 Questions
  • အခန်း ၅။ စားသုံးသူနဲ့ ဈေးကွက်ဝယ်လိုအား
    8
    • 6.1
      သင်ခန်းစာ ၁။ စာသုံးသူ၏ အမူအကျင့်
    • 6.2
      မေးခွန်းလွှာ ၅-၁
      15 Minutes3 Questions
    • 6.3
      သင်ခန်းစာ ၂။ ဝယ်လိုအားဥပဒေသ
    • 6.4
      မေးခွန်းလွှာ ၅-၂
      10 Minutes2 Questions
    • 6.5
      သင်ခန်းစာ ၃။ စားသုံးသူရရှိသည့်အပိုတန်ဖိုး
    • 6.6
      မေးခွန်းလွှာ ၅-၃
      15 Minutes3 Questions
    • 6.7
      သင်ခန်းစာ ၄။ ဝယ်လိုအားအလျော့အတင်းတုံ့ပြန်မှု
    • 6.8
      မေးခွန်းလွှာ ၅-၄
      30 Minutes6 Questions
  • အခန်း ၆။ ရောင်းလိုအား၊ ကုန်ကျစရိတ်နှင့် အမြတ်
    4
    • 7.1
      သင်ခန်းစာ ၁။ ရောင်းလိုအားနှင့် ဈေးကွက်ရောင်းလိုအား
    • 7.2
      မေးခွန်းလွှာ ၆-၁
      10 Minutes2 Questions
    • 7.3
      သင်ခန်းစာ ၂။ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အမြတ်
    • 7.4
      မေးခွန်းလွှာ ၆-၂
      20 Minutes4 Questions
  • သင်တန်းနိဂုံး
    1
    • 13.1
      သင်တန်းနိဂုံးနှင့် သင်တန်းအပေါ်ကျေနပ်မှု စစ်တမ်း

သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒကို ဘာလို့လေ့လာသင့်သလဲ

စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒကိုလေ့လာရခြင်းရဲ့ အကြောင်းရင်း ၃ ရပ်ကတော့ လုပ်ငန်းရဲ့ အပြုအမူနဲ့ သဘောသဘာဝကို ဖေါ်ထုတ်၊ စီစစ်၊ သုံးသပ်အကြံပေး နိုင်ဖို့ဖြစ်ပါတယ်။

  • ပထမ အကြောင်းရင်းအနေနဲ့ လုပ်ငန်းရဲ့ အပြုအမူနဲ့ သဘောသဘာဝကို ဖေါ်ထုတ်ရာမှာ၊  လုပ်ငန်းရဲ့ ရည်ရွယ်ချက်၊ ဥပမာ လုပ်ငန်းရဲ့ ရည်ရွယ်ချက်က အမြတ်ရဖို့၊ ဈေးကွက်ဝေစု တက်ဖို့၊   လုပ်ငန်းလည်ပတ်နေတဲ့ ဈေးကွက်ပြိုင်ဆိုင်မှုပုံစံ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရာ မှာကြုံတွေ့ရမဲ့ အကန့်အသတ်တွေကို ဖေါ်ထုတ်နိုင်ပါလိမ့်မယ်။
  • ဒုတိယ အကြောင်းရင်းကတော့ ထုတ်လုပ်လိုက်တဲ့ ကုန်စည်နဲ့ဝန်ဆောင်မှု ပမာဏကို မူတည်ပြီး ကုန်ကျစရိတ်နဲ့ အမြတ်ပမာဏတွေရဲ့ ပြောင်းလဲမှုပုံစံတွေ၊ စားသုံးသူတွေရဲ့ ဝယ်လိုအားအပြောင်းအလဲ၊ ပြိုင်ဘက်ရဲ့ ဈေးနှုံးအပြောင်းအလဲတွေ၊ စီးပွားရေး အခြေအနေ ပြောင်းလဲမှုတွေက လုပ်ငန်းအပေါ်အကျိုးသက်ရောက်မှုတွေကို စီစစ် လေ့လာဖို့လည်း အထောက်အကူ ဖြစ်ပါတယ်။
  • ဒီစီစစ်လေ့လာချက်တွေအပေါ်မူတည်ပြီး လုပ်ငန်းရဲ့ ဦးတည်ချက်တွေပေါက်မြောက် အောင်မြင် အောင် လုပ်ဆောင်ရမဲ့အချက်တွေကိုလည်း သုံးသပ်တင်ပြနိုင်မှာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ လုပ်ငန်းရဲ့ ရည်ရွယ်ချက်က အမြတ်အများဆုံးရဖို့ဆိုရင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘောဂဗေဒ သဘောတရားတွေကို အသုံးပြုပြီး ဈေးနှုံးကို ဘယ်လောက်သတ်မှတ်သင့်တယ်၊ ဘယ်လောက် ရင်းနှီးမြုပ်နှံရမယ် လုပ်ငန်းရဲ့ ရည်ရွယ်ချက်က ဈေးကွက်ချဲ့ထွင်ဖို့ဆိုရင် ပြိုင်ဖက်ကို ဈေးနှုံးအရ ဘယ်လိုယှဥ်ပြိုင်သင့်တယ်၊ ကြော်ငြာအတွက် ဘယ်လောက်သုံးသင့်တယ် စသည်ဖြင့် လုပ်ဆောင်ရမဲ့ အချက်တွေကို သုံးသပ်တင်ပြနိုင်ပါတယ်။

သတိထားသင့်တာတခုကတော့ ဒီလို သုံးသပ်ချက်တွေဟာ လေ့လာတွေ့ရှိရတဲ့ အချက်အလက်တွေကို စီစစ်မှုအပေါ် အခြေခံတဲ့အတွက် အချက်အလက် တွေရဲ့ ခိုင်မာမှုနဲ့ စီစစ်သုံးသပ်တဲ့ စာရင်းအင်းနည်းပညာရဲ့ မှန်ကန်တိကျမှု အပေါ်မှာ လည်း မူတည်နေပါတယ်။

စဥ်းစားဆွေးနွေးရန်အချက်။

အလုပ်အတွက် လူတွေ့အင်တာဗျူးဖြေဆိုရာမှာ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒဘာသာရပ်ကို လေ့လာခြင်းက စီးပွားရေးလောကမှာ အလုပ်လုပ်ဖို့အတွက် အသုံးဝင်တဲ့အကြောင်းကို အင်တာဗျူး မေးတဲ့သူ လက်ခံအောင် ဘယ်လိုရှင်းပြမလဲ။

သင်ခန်းစာ ဗီဒီယိုကို ကြည့်ရှုပြီး သို့မဟုတ် သင်ခန်းစာကို ဖတ်ပြီး ပါက Complete သို့မဟုတ် Next ကိုနှိပ်ပြီး နောက်သင်ခန်းစာ၊ မေးခွန်းလွှာကို ကူးပြောင်းပါ။

7 Comments

  1. Han Win Aung says:
    July 12, 2021 at 9:11 pm

    စီးပွား​ရေးလုပ်ငန်းဆိုင်ရာ ​ဘောဂ​ဗေဒ ဘာသာရပ်ကို ​လေ့လာခြင်းက
    စီးပွား​ရေးလုပ်ငန်း​မှာ အမြတ်အများဆုံး ရဖို့ ​စျေးနှုန်း သတ်မှတ်တာ၊ ​စျေးနှုန်းအတိုး ​အ​လျော့ ချိန်ညှိတာ၊ ​စျေးကွက်မှာ ယှဥ်ပြိုင်ရမည့် နည်းလမ်းရှာ​ဖွေ​ပေးတာ၊ ​​စားသုံးသူ​တွေရဲ့ အပြုအမူ၊ သ​ဘောသဘာဝ နှင့် ကုန်ပစ္စည်း၊ ဝန်​ဆောင်မှု​တွေ အကြား ရှာ​ဖွေ​ပေးတဲ့ ​နေရာမှာ စနစ်တကျ အသုံးချပြီး လုပ်ငန်းတိုးတက်ဖို့ အ​ရေးကြီးတဲ့ ဘာသာရပ်တစ်ခု ဖြစ်​ကြောင်း ​ရှင်းပြပါမယ်

    Reply
  2. Su Hlaing Tin Htut says:
    July 14, 2021 at 9:36 pm

    စီးပွားရေးဆိုင်ရာဘောဂဗေဒကို လေ့လာခြင်းအားဖြင့် လုပ်ငန်းတစ်ခုထူထောင်ရန်အတွက် အစီအစဉ်ကျသော စဉ်းစားတွေးခေါ်နိုင်မှု၊ ဆက်သွယ်ဆောင်ရွက်မှု၊ ကြုံတွေ့ရမည့်ပြဿနာများကို ဖြေရှင်းနိုင်မှု၊ ခေါင်းဆာင်နိုင်မှု၊ စီမံခန့်ခွဲနိုင်မှု နှင့် ကိန်းဂဏန်းအချက်အလက်များကို အသုံးပြု၍ သက်သေအထောက်အထားနှင့်တကွ ကောင်းမွန်စွာတည်ဆောင်ထားသော လုပ်ငန်း framework တစ်ခုကို သုံးသပ်တင်ပြနိုင်ခြင်း၊ စီးပွားရေးဆိုင်ရာဘောဂဗေဒပညာရပ်ကို အသုံးပြု၍ ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာခြင်းလုပ်ငန်းများ၊ လုပ်သားအရင်းအမြစ်ကို စနစ်တကျ အသုံးချနိုင်မှု၊ ရောင်းချနိုင်မှုနှင့် အမြတ်ရရှိနိုင်မှု၊ ရင်းနှီးမြှပ်နှံသင့်သည့် ပမာဏ စသည်တို့ကို စိစစ်သုံးသပ်နိုင်ခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါမည်။

    Reply
  3. Chan Chan says:
    July 15, 2021 at 11:55 am

    ကျွန်မတို့ လူသားတွေက မည်သည့် စီးပွားရေးလုပ်ငန်းကိုမဆို လုပ်ပြီဆိုတာနဲ့ Profit ကိုရဖို့အဓိကပြုလုပ်ကြရမှာဖြစ်ပါတယ်. Profit ဆိုတာ ငွေကြေးတစ်ခုထဲရယ်လို့ မဟုတ်ပါဘူး competitor market ထဲမှာ ကိုယ့်လုပ်ငန်းက ထိုးထွက်အောင်မြင်နေတာမျိုး/ consumer response ကအမြဲတမ်းကောင်းနေတာမျိုး/ ကိုယ်ပေးလိုက်တဲ့ Service ကြောင့် customer ရဲ့ satisfaction level မြင့်လာတာမျိုး စတာတွေကလည်း ကိုယ့်လုပ်ငန်းအတွက် profit တွေပဲဖြစ်ပါတယ်, ငွေကြေး profit တစ်ခုထဲကြည့်ပြီး စီးပွားရေးလုပ်လို့မရပါဘူး ဒါကြောင့် Business economics ကိုလေ့လာခြင်းအားဖြင့် ကျွန်မတို့ဟာ လုပ်ငန်းတစ်ခုကို လုပ်တဲ့အချိန်မှာ plan ကို စနစ်တကျပြင်ဆင်နိုင်မယ်, market and consumer behavior တွေကို research လုပ်ခြင်းအားဖြင့် လုပ်ငန်းလည်ပတ်ပုံကိုပြင်ဆင်နိုင်မယ်, investment ရှာဖွေရေး/ ဈေးကွက်ရှာဖွေရေး နဲ့ ကုန်ကြမ်း/ကုန်ချော/ဝန်ဆောင်မှု ကုန်ပစ္စည်းဈေးနှုန်းအတက်အကျပေါ် မူတည်ပြီး စားသုံးသူတွေရဲ့ တုံ့ပြန်ချက်အလိုက် လုပ်ငန်းလည်ပတ်မှုမှာတွေ့ကြုံလာရတဲ့ ပြဿနာတွေကို လွယ်ကူစွာဖြေရှင်းနိုင်မှာဖြစ်သလို human resources နဲ့ time resources and other product resources တွေကိုလည်း အပိုအလိုမရှိစီမံခန့်ခွဲလာနိုင်မှာဖြစ်ပါတယ်.

    Reply
  4. Sai Kaung Htet says:
    July 18, 2021 at 4:01 pm

    လုပ်ငန်းတိုင်းဟာ စနစ်မျိုးစုံ နည်းပညာမျိုးစုံနဲ့ လည်ပတ်နေပေမယ့် ဘုံတူညီချက်အရ လုပ်ငန်းတိုင်းဟာ ဘောဂဗေဒစနစ်နဲ့ယှဥ်တွဲနေရမှာဖြစ်တဲ့အကြောင်း၊ နိုင်ငံတွင်းက တရားဝင်လုပ်ငန်းတိုင်းဟာ အစိုးရနဲ့ နီးစပ်ရတာဖြစ်လို့ အစိုးရကပြုပြင်ပြောင်းလဲသတ်မှတ်တဲ့ စီးပွားရေးဆိုင်ရာဥပဒေတွေကို ဆန်းစစ်ရခြင်း၊ နိုင်ငံတစ်နိုင်ငံအတွင်း ကပ်ဘေးတစ်ခုခုဖြစ်တဲ့အခါ လုပ်ငန်းအပေါ် သက်ရောက်လာမယ့် အကျိုးအကြောင်းတွေအကြောင်း၊ လုပ်ငန်းရဲ့ ထုတ်လုပ်မှုစနစ် အရင်းအမြစ်စီမံခန့်ခွဲခြင်း စတာတွေကို သိရှိဖို့လိုတာကြောင့် စီးပွားရေးဆိုင်ရာ ဘောဂဗေဒဟာအသုံးဝင်ကြောင်း ပြန်လည်ဖြေကြားပါမယ်။

    Reply
  5. မင်းနိုင် says:
    July 19, 2021 at 11:15 am

    အင်တျာေူးတွေမှာ အဲလိုမေးခွန်းမျိုးမေးခဲပါတယ်ဆရာ။
    မေးလာခဲ့ရင်လည်း စီးပွားရေးဆိုင်ရာဘောဂဗေဒပညာတတ်ကျွမ်းနားလည်သူတစ်ဦးဟာ လုပ်ငန်းရဲ့အကျိုးအပြစ်တွေ စီမံခန့်ခွဲမှုစနစ်တွေရဲ့ အားသာချက် အားနည်းချက်တွေ လုပ်ငန်းဖွဲ့ဖိုါ်တိုးတက်လာဖို့ လိုအပ်နေတဲ့အချက်တွေ ပြိုငဘက်ရဲ့အခြေအနေအမှန်တွေကို နားလည်လာအောင် အကြီးတန်းစီမံခန့်ခွဲသူတွေကို ရှင်းလင်းတင်ပြနိုင်မှဖြစ်ပါတယ်ဆရာ။

    Reply
  6. Moe says:
    July 20, 2021 at 12:57 am

    စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒဘာသာရပ်ကို လေ့လာခြင်းက စီးပွားရေးလောကမှာ အလုပ်လုပ်ဖို့အတွက် –

    – ကိုယ်လုပ်မယ့် လုပ်ငန်းတစ်ခုရဲက အခြေခံသိဖို့လိုအပ်တဲ့ သိသင့်တဲ့ အချက်အလက်တွေကို သိရှိဖို့၊

    – ၎င်းအချက်အလက်များရဲ့ လုပ်ငန်းအပေါ် သက်ရောက်နေတဲ့ ဆက်နွယ်ပတ်သက်နေပုံ အနေအထားများကို ဆက်စပ်နားလည်နိုင်ဖို့ နဲ့

    – လုပ်ငန်းနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ထိထိရောက်ရောက် တကယ်လုပ်နိုင်တဲ့ အချက်တွေကို ဘယ်လောက်ပမာဏသုံးသင့်တယ်၊ ဘယ်လိုသုံးသင့်တယ်ဆိုတာတွေကို ကောက်ချက်ချ အဖြေထုတ်နိုင်ဖို့

    အတွက် သဘောတရားပိုင်းဆိုင်ရာ အချက်အလက်များ၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန် အကူအညီ အထောက်အပံ့များစွာပေးနိုင်ပါသည်။

    Reply
  7. soa.ohnmar@gmail.com says:
    August 18, 2021 at 11:28 pm

    စီးပွားရေးဘောဂဗေဒကို လေ့လာထားခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းတခုကို အမြတ်အများဆုံးရအောင် ဘယ်လိုလုပ်မလဲ၊ ဈေးကွက်ဝေစုကို ဘယ်လိုရအောင်လုပ်မလဲ၊ လုပ်ငန်းမှာ ဘယ်လောက်ရင်းနှီးမြှပ်နှံမလဲ၊ ပြိုင်ဘက်ကို ဈေးနှုန်းအရ ဘယ်လိုယှဉ်ပြိုင်မလဲ စသည်တို့ကိုသိရှိမှာဖြစ်တယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတခုအောင်မြင်ဖို့အတွက် အကန့်အသတ် တွေကို ဘယ်လိုကျော်လွှားမလဲဆိုတာကိုလည်း စီးပွားရေးဘောဂဗေဒဆိုင်ရာဘာသာရပ်ကိုလေ့လာခြင်းဖြင့် သိရှိနိုင်တယ်။ ဈေးကွက်ဝေစုအများဆုံးရဖို့အတွက် ဝယ်သူတွေကို ဘယ်လိုဆွဲဆောင်မလဲ _ ဈေးနှုန်းနဲ့ဆွဲဆောင်မှာလား၊ ကြော်ငြာအတွက် သုံးမှာလား စသဖြင့်။ အရေးအကြီးဆုံးကတော့ ကိုယ့်လုပ်ငန်းငန်းရဲ့ ရည်ရွယ်ချက်ပြည့်မြောက်အောင်မြင်ဖို့အတွက် ကိန်းဂဏန်းအချက်အလက်တွေရဲ့ အရေးပါပုံကို ဒီဘာသာရပ်ကိုတတ်မြောက်ထားမှသာ သိရှိမှာဖြစ်ပါတယ်။

    Reply

Leave a Reply to soa.ohnmar@gmail.com Cancel reply

မေးခွန်းလွှာ ၁-၁
Prev
မေးခွန်းလွှာ ၁-၂
Next
Facebook Twitter

© 2025 SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About