Skip to content
SBS-MM

SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About
Facebook Twitter
SBS-MM
SBS-MM
  • Home
  • All Courses
  • Economics
  • Introduction to Business Economics

Introduction to Business Economics

Curriculum

  • 7 Sections
  • 15 Lessons
  • Lifetime
Expand all sectionsCollapse all sections
  • အခန်း ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘောဂဗေဒနိဒါန်း
    4
    • 2.1
      သင်ခန်းစာ ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒ
    • 2.2
      မေးခွန်းလွှာ ၁-၁
      10 Minutes2 Questions
    • 2.3
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒကို ဘာလို့လေ့လာသင့်သလဲ
    • 2.4
      မေးခွန်းလွှာ ၁-၂
      10 Minutes2 Questions
  • အခန်း ၂။ စီးပွားရေးလုပ်ငန်းသဘောသဘာဝနှင့် ပတ်ဝန်းကျင်
    4
    • 3.1
      သင်ခန်းစာ ၁။ စီးပွားရေး၏ အဓိပ္ပါယ်နှင့် သဘောသဘာဝ
    • 3.2
      မေးခွန်းလွှာ ၂-၁
      20 Minutes4 Questions
    • 3.5
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်း၏ ပတ်ဝန်းကျင်
    • 3.6
      မေးခွန်းလွှာ ၂-၂
      20 Minutes3 Questions
  • အခန်း ၃။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒနောက်ခံ
    4
    • 4.1
      သင်ခန်းစာ ၁။ ဘောဂဗေဒ၏ အဓိပ္ပါယ်
    • 4.2
      မေးခွန်းလွှာ ၃-၁
      20 Minutes4 Questions
    • 4.3
      သင်ခန်းစာ ၂။ ဈေးကွက် အင်အားစုများ
    • 4.4
      မေးခွန်းလွှာ ၃-၂
      20 Minutes4 Questions
  • အခန်း ၄။ စီးပွားရေးလုပ်ငန်း၏ စွမ်းဆောင်ရည်၊ ပိုင်ဆိုင်မှုပုံစံ နှင့် ရည်ရွယ်ချက်
    4
    • 5.1
      သင်ခန်းစာ ၁။ လုပ်ငန်းတခု၏ စွမ်းဆောင်ရည် နှင့် ရည်ရွယ်ချက်
    • 5.2
      မေးခွန်းလွှာ ၄-၁
      15 Minutes3 Questions
    • 5.3
      သင်ခန်းစာ ၂။ လုပ်ငန်းတရားဝင်ပိုင်ဆိုင်မှုပုံစံ
    • 5.4
      မေးခွန်းလွှာ ၄-၂
      15 Minutes3 Questions
  • အခန်း ၅။ စားသုံးသူနဲ့ ဈေးကွက်ဝယ်လိုအား
    8
    • 6.1
      သင်ခန်းစာ ၁။ စာသုံးသူ၏ အမူအကျင့်
    • 6.2
      မေးခွန်းလွှာ ၅-၁
      15 Minutes3 Questions
    • 6.3
      သင်ခန်းစာ ၂။ ဝယ်လိုအားဥပဒေသ
    • 6.4
      မေးခွန်းလွှာ ၅-၂
      10 Minutes2 Questions
    • 6.5
      သင်ခန်းစာ ၃။ စားသုံးသူရရှိသည့်အပိုတန်ဖိုး
    • 6.6
      မေးခွန်းလွှာ ၅-၃
      15 Minutes3 Questions
    • 6.7
      သင်ခန်းစာ ၄။ ဝယ်လိုအားအလျော့အတင်းတုံ့ပြန်မှု
    • 6.8
      မေးခွန်းလွှာ ၅-၄
      30 Minutes6 Questions
  • အခန်း ၆။ ရောင်းလိုအား၊ ကုန်ကျစရိတ်နှင့် အမြတ်
    4
    • 7.1
      သင်ခန်းစာ ၁။ ရောင်းလိုအားနှင့် ဈေးကွက်ရောင်းလိုအား
    • 7.2
      မေးခွန်းလွှာ ၆-၁
      10 Minutes2 Questions
    • 7.3
      သင်ခန်းစာ ၂။ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အမြတ်
    • 7.4
      မေးခွန်းလွှာ ၆-၂
      20 Minutes4 Questions
  • သင်တန်းနိဂုံး
    1
    • 13.1
      သင်တန်းနိဂုံးနှင့် သင်တန်းအပေါ်ကျေနပ်မှု စစ်တမ်း

သင်ခန်းစာ ၁။ စီးပွားရေး၏ အဓိပ္ပါယ်နှင့် သဘောသဘာဝ

စီးပွားရေးဆိုတဲ့အသုံးအနှုံးမှာ (၁) ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ရောင်းဝယ် ဖေါက်ကားတာ (၂) အသက်မွေး ဝမ်းကြောင်းအလုပ်အကိုင်နဲ့ (၃) စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း တွေဆိုပြီး ရှု့ထောင့် ၃ မျိုးရှိပါတယ်။ ဒါကြောင့် စီးပွားရေး ဆိုတာ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ရောင်းဝယ် ဖေါက်ကားတဲ့လုပ်ဆောင်မှုတွေ၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ နဲ့  လုပ်ငန်းအဖွဲ့အစည်းတွေ ပေါင်းစည်းပြီး လူ့အဖွဲ့အစည်း အတွက်တန်ဖိုးရှိတဲ့ ကုန်ပစ္စည်း နဲ့ ၀န်ဆောင်မှုတွေကို ထုတ်လုပ်ဖြန့်ဖြူးတဲ့ စံနစ်တရပ်လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဒီလိုအချက်တွေနဲ့ ပြည့်စုံတဲ့ စံနစ်ကို စီးပွားရေး (Business) လို့ သုံးနှုံးသွားပါမယ်။ ဒီလိုအချက်တွေနဲ့ ပြည့်စုံတဲ့ စံနစ်တခုကို လည်ပတ်နေတဲ့ အဖွဲ့အစည်းကို စီးပွားရေး လုပ်ငန်း လို့ သုံးနှုံးသွားပါမယ်။ နေရာဒေသတခုအတွင်းမှာ လည်ပတ်နေတဲ့ စီးပွားရေးစံနစ်ရဲ့လုပ်ဆောင်ပုံအခြေအနေကိုတော့ Economy လို့ခေါ်ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတခုမှာ စီမံခန့်ခွဲမှု၊ လုပ်ငန်းလည်ပတ်မှု၊ ဈေးကွက်ရှာဖွေမှု၊ စာရင်းကိုင် နဲ့ ဘဏ္ဍာငွေရှာဖွေ ထိမ်းသိမ်းမှုစတဲ့ အဓိက လုပ်ဆောင်မှုတွေပါဝင်ပါတယ်။

စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုမှာ အဓိက ပါဝင်သူများ

စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုမှာ အဓိက ပါဝင်သူတွေကတော့ လုပ်ငန်းစတင်ဖို့အကြံဉာဏ်အပေါ်မှာ ရင်းနှီးမြုပ်နှံပြီး လိုအပ်တဲ့ သွင်းအားစုတွေကို စုစည်းတဲ့ ပိုင်ရှင်၊ လုပ်ငန်းရဲ့ ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင်မြင်ဖို့ လုပ်ကိုင်ပေးတဲ့ အလုပ်သမားနဲ့  ရည်ရွယ်ချက်တွေ အကောင်အထည် ပေါ်ရေးအတွက် အလုပ်ရှင်နဲ့ အလုပ်သမားတွေမှီခိုနေရတဲ့ ဖေါက်သည်တွေပါဝင်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုမှာ ပါဝင်တဲ့ တခြားသူတွေကတော့ လုပ်ငန်း ရှင်သန်ဖို့အတွက်အရေးပါတဲ့ သွင်းအားစုနဲ့ ကုန်ကြမ်းတင်သွင်းသူတွေ၊ လုပ်ငန်းပြိုင်ဖက်တွေ၊ စီးပွားရေးလုပ်ငန်းကို အကျိုးတစုံတရာ သက်ရောက်နိုင်တဲ့ အပြုအမူတွေ ပြုလုပ်နိုင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေက အကျိုးသက်ရောက်မှုကို ခံစားနေရတဲ့ သူတွေဖြစ်ပါတယ်။

စဥ်းစားဆွေးနွေးရန်အချက်။

စီးပွားရေးလုပ်ဆောင်ပုံစံနစ် (Business) နဲ့ ဒေသတခုရဲ့ စီးပွားရေးအခြေအနေ (Economy) တူညီချက်၊ ကွာခြားချက်တွေကို စဥ်းစားသုံးသပ်ပါ။

သင်ခန်းစာ ဗီဒီယိုကို ကြည့်ရှုပြီး သို့မဟုတ် သင်ခန်းစာကို ဖတ်ပြီး ပါက Complete သို့မဟုတ် Next ကိုနှိပ်ပြီး နောက်သင်ခန်းစာ၊ မေးခွန်းလွှာကို ကူးပြောင်းပါ။

3 Comments

  1. Su Hlaing Tin Htut says:
    July 14, 2021 at 10:06 pm

    Business နှင့် Economy နှစ်ခုစလုံးသည် social sciences (လူမှုရေးသိပ္ပံဘာသာရပ်) များဖြစ်ပါသည်။ Business ဆိုသည်မှာ စားသုံးသူများထံသို့ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရောင်းချပေးခြင်းဖြစ်ပြီး Economy ဆိုသည်မှာ နေရာဒေသတစ်ခုအတွင်း ထုတ်ကုန်ပစ္စည်း၏ ရောင်းလိုအားနှင့် ဝယ်လိုအားဖြစ်ပါသည်။

    Reply
  2. မင်းနိုင် says:
    July 18, 2021 at 11:54 am

    Economy ထဲမှာ business သဘောတရားတွေ အကျုံးဝင်နေပါတယ်။

    Reply
  3. Sai Kaung Htet says:
    July 29, 2021 at 8:50 pm

    စီးပွား​ရေးလုပ်ငန်း ( Business ) ​တွေဟာ Resources (Land, Labor, Capital) ​တွေနဲ့လည်ပတ်​နေရပြီး သုံးစွဲသူ​တွေစိတ်​ကျေနပ်မှုကိုဖြည့်ဆည်း​ပေးကာ မိမိတို့အတွက် ​ရောင်းအားတက်​စေရန်၊ အမြတ်များ​စေရန်၊ သုံးစွဲသူတို့ ဝယ်လိုအားတက်​စေရန် ​ဆောင်ရွက်​ပေးပါသည်။ Economy သည် ထိုစီးပွား​ရေးလုပ်ငန်းများအ​ခြေချလည်ပတ်​နေသည့် အသိုက်အဝန်းဖြစ်ပြီး စီးပွား​ရေးလုပ်ငန်းနှင့်သက်ဆိုင်သည့် အ​ပြောင်းအလဲများတည်ရှိရာ စနစ်များ​ေ​ပါင်းစုံ​နေသည်။

    Reply

Leave a Reply to မင်းနိုင် Cancel reply

မေးခွန်းလွှာ ၁-၂
Prev
မေးခွန်းလွှာ ၂-၁
Next
Facebook Twitter

© 2025 SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About