Skip to content
SBS-MM

SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About
Facebook Twitter
SBS-MM
SBS-MM
  • Home
  • All Courses
  • Economics
  • Introduction to Business Economics

Introduction to Business Economics

Curriculum

  • 7 Sections
  • 15 Lessons
  • Lifetime
Expand all sectionsCollapse all sections
  • အခန်း ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘောဂဗေဒနိဒါန်း
    4
    • 2.1
      သင်ခန်းစာ ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒ
    • 2.2
      မေးခွန်းလွှာ ၁-၁
      10 Minutes2 Questions
    • 2.3
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒကို ဘာလို့လေ့လာသင့်သလဲ
    • 2.4
      မေးခွန်းလွှာ ၁-၂
      10 Minutes2 Questions
  • အခန်း ၂။ စီးပွားရေးလုပ်ငန်းသဘောသဘာဝနှင့် ပတ်ဝန်းကျင်
    4
    • 3.1
      သင်ခန်းစာ ၁။ စီးပွားရေး၏ အဓိပ္ပါယ်နှင့် သဘောသဘာဝ
    • 3.2
      မေးခွန်းလွှာ ၂-၁
      20 Minutes4 Questions
    • 3.5
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်း၏ ပတ်ဝန်းကျင်
    • 3.6
      မေးခွန်းလွှာ ၂-၂
      20 Minutes3 Questions
  • အခန်း ၃။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒနောက်ခံ
    4
    • 4.1
      သင်ခန်းစာ ၁။ ဘောဂဗေဒ၏ အဓိပ္ပါယ်
    • 4.2
      မေးခွန်းလွှာ ၃-၁
      20 Minutes4 Questions
    • 4.3
      သင်ခန်းစာ ၂။ ဈေးကွက် အင်အားစုများ
    • 4.4
      မေးခွန်းလွှာ ၃-၂
      20 Minutes4 Questions
  • အခန်း ၄။ စီးပွားရေးလုပ်ငန်း၏ စွမ်းဆောင်ရည်၊ ပိုင်ဆိုင်မှုပုံစံ နှင့် ရည်ရွယ်ချက်
    4
    • 5.1
      သင်ခန်းစာ ၁။ လုပ်ငန်းတခု၏ စွမ်းဆောင်ရည် နှင့် ရည်ရွယ်ချက်
    • 5.2
      မေးခွန်းလွှာ ၄-၁
      15 Minutes3 Questions
    • 5.3
      သင်ခန်းစာ ၂။ လုပ်ငန်းတရားဝင်ပိုင်ဆိုင်မှုပုံစံ
    • 5.4
      မေးခွန်းလွှာ ၄-၂
      15 Minutes3 Questions
  • အခန်း ၅။ စားသုံးသူနဲ့ ဈေးကွက်ဝယ်လိုအား
    8
    • 6.1
      သင်ခန်းစာ ၁။ စာသုံးသူ၏ အမူအကျင့်
    • 6.2
      မေးခွန်းလွှာ ၅-၁
      15 Minutes3 Questions
    • 6.3
      သင်ခန်းစာ ၂။ ဝယ်လိုအားဥပဒေသ
    • 6.4
      မေးခွန်းလွှာ ၅-၂
      10 Minutes2 Questions
    • 6.5
      သင်ခန်းစာ ၃။ စားသုံးသူရရှိသည့်အပိုတန်ဖိုး
    • 6.6
      မေးခွန်းလွှာ ၅-၃
      15 Minutes3 Questions
    • 6.7
      သင်ခန်းစာ ၄။ ဝယ်လိုအားအလျော့အတင်းတုံ့ပြန်မှု
    • 6.8
      မေးခွန်းလွှာ ၅-၄
      30 Minutes6 Questions
  • အခန်း ၆။ ရောင်းလိုအား၊ ကုန်ကျစရိတ်နှင့် အမြတ်
    4
    • 7.1
      သင်ခန်းစာ ၁။ ရောင်းလိုအားနှင့် ဈေးကွက်ရောင်းလိုအား
    • 7.2
      မေးခွန်းလွှာ ၆-၁
      10 Minutes2 Questions
    • 7.3
      သင်ခန်းစာ ၂။ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အမြတ်
    • 7.4
      မေးခွန်းလွှာ ၆-၂
      20 Minutes4 Questions
  • သင်တန်းနိဂုံး
    1
    • 13.1
      သင်တန်းနိဂုံးနှင့် သင်တန်းအပေါ်ကျေနပ်မှု စစ်တမ်း

သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်း၏ ပတ်ဝန်းကျင်

ဒီနေ့ခေတ် စီးပွားရေးမှာကုန်စည်နဲ့ ဝန်ဆောင်မှုတွေကိုထုတ်လုပ်မှုမှာ ကိုယ်ပိုင်လုပ်ငန်းငယ် လေးတွေက စပြီး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေအထိ ပါဝင်ပတ်သက်နေပြီး ဘယ်လို ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ထုတ်လုပ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်လုပ်ငန်းအခြအနေအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေချမှတ် ကြပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းတွေဟာအရွယ်အစား၊ လုပ်ငန်းလည်ပတ်မှု၊ ဈေးကွက်ပမာဏ၊  ဘဏ္ဍာရေးအခြေအနေစတာတွေ ကွဲပြားကြပေမဲ့ တူညီတဲ့ အချက်တခုကတော့ ဒီလုပ်ငန်းတွေဟာ ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ သယံဇာတသွင်းအားစုတွေကို ရယူပြီး ဒီသွင်းအားစုတွေကို သူတို့ရဲ့ ဖေါက်သည်တွေရဲ့ လိုအင်ကို ဖြည့်ဆည်းပေးမဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအဖြစ်၊ ထုတ်ကုန်တွေအဖြစ် အသွင်ပြောင်းပေးတဲ့ လုပ်ဆောင်ချက်ပါဘဲ။

ဒီအသွင်ပြောင်းတဲ့ဖြစ်စဥ်မှာ အဓိက ချိတ်ဆက်ပေးတဲ့ယန္တယားကတော့ သွင်းအားစုတွေရယူမှု၊ ထုတ်လုပ်မှု၊ ဈေးကွက်ဖေါ်ဆောင်မှု၊ ဖြန့်ဖြူးမှုစတဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ တာဝန်ရှိတဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အရေးပါတဲ့ အခြေခံ အချက်တွေကတော့ စီးပွားရေးလုပ်ငန်းရဲ့ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုနဲ့ အဖွဲ့အစည်းဆိုင်ရာ အမူအကျင့်တွေဖြစ်ပါတယ်။ 

စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ လုပ်ငန်းရဲ့ သွင်ပြင်လက္ခဏာတွေအပြင် လုပ်ငန်းရဲ့ ပြင်ပ ပတ်ဝန်းကျင် ကလည်း လွှမ်းမိုးမှုရှိပါတယ်။

ဒီပြင်ပပတ်ဝန်းကျင်မှာ တိုင်းပြည်နဲ့ ကမ္ဘာ့ စီးပွားရေးအခြေအနေ၊ နိုင်ငံရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး၊ နည်းပညာအဆင့်အတန်း စတာတွေပါဝင်ပြီး ကုန်ကြမ်းကနေ ကုန်ချောထိအသွင်ပြောင်းတဲ့ ဖြစ်စဥ်အပြင် စာသုံးမှုပါဝင်တဲ့ စီးပွားရေးလုပ်ငန်းစဥ်တခုလုံးကို လွှမ်းမိုး အကျိုးသက်ရောက်ပါတယ်။

စီးပွားရေးလုပ်ငန်းတခုရဲ့ ပြင်ပ ပတ်ဝန်းကျင်ကို လုပ်ငန်းရဲ့ နေ့တဓူဝလုပ်ဆောင်မှုတွေကို ချက်ချင်း လက်ငင်း အကျိုးသက်ရောက်စေနိုင်တဲ့အချက်တွေနဲ့ လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက် တွေချမှတ်ရာမှာ ယေဘူဘျ လွှမ်းမိုးမှုရှိတဲ့ အချက်တွေဆိုပြီး အလွှာ ၂ လွှာ ခွဲခြားနိုင်ပါတယ်။  လုပ်ငန်းအများစုအတွက်ကတော့ လုပ်ငန်းအပေါ် ချက်ချင်းလက်ငင်း အကျိုးသက်ရောက်စေနိုင်တဲ့ ပြင်ပပတ်ဝန်းကျင်မှာ လုပ်ငန်းကို ကုန်ကြမ်းပစ္စည်းသွင်းတဲ့သူတွေ၊ အလုပ်သမားဈေးကွက်၊ ဘဏ္ဍာငွေအရင်းအမြစ်ရရှိနိုင်မှု၊ ဖေါက်သည်တွေ၊ လုပ်ငန်းပြိုင်ဖက်တွေနဲ့ အလုပ်သမားရရှိနိုင်မှု၊  စတာတွေ ပါဝင်ပါတယ်။ ယေဘူဘျ လွှမ်းမိုးမှုရှိတဲ့ ပြင်ပ ပတ်ဝန်းကျင်မှာတော့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးမှု၊ ယဥ်ကျေးမှု၊ လူဦးရေအချိုးအစား၊ နည်းပညာတိုးတက်မှုစတဲ့ အချက်တွေပါဝင်ပါတယ်။

စဥ်းစားဆွေးနွေးရန်အချက်။

သင်အနေနဲ့ လမ်းထိပ်မှာ ကော်ဖီဆိုင်တဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတယ်ဆိုပါစို့။ ကော်ဖီဆိုင်လုပ်ငန်း အတွက် လိုအပ်တဲ့ သွင်းအားစုတွေ၊ စားသုံးသူရဲ့ လိုအင်ဆန္ဒနဲ့လိုအပ်ချက်၊ လုပ်ငန်းကို ချက်ချင်းလက်ငင်း အကျိုးသက်ရောက်နိုင်တဲ့ ပါတ်ဝန်းကျင်နဲ့ ယေဘူဘျ လွှမ်းမိုးမှုရှိတဲ့ ပြင်ပ ပတ်ဝန်းကျင်မှာတွေကို စဥ်းစားသုံးသပ်ပါ။

သင်ခန်းစာ ဗီဒီယိုကို ကြည့်ရှုပြီး သို့မဟုတ် သင်ခန်းစာကို ဖတ်ပြီး ပါက Complete သို့မဟုတ် Next ကိုနှိပ်ပြီး နောက်သင်ခန်းစာ၊ မေးခွန်းလွှာကို ကူးပြောင်းပါ။

3 Comments

  1. မင်းနိုင် says:
    July 18, 2021 at 12:06 pm

    ကော်ဖီဆိုင်အများစုကတော့ နေ့မြင်ညပျောက်တွေများပါတယ်။
    ဖောက်သည်ကိုမထိန်​းနိုင်ကြတဲ့အဓိကအချက်က ကော်ဖီနဲ့မုန့်တို့ရဲ့အရသာနဲ့သန့်ရှင်းလတ်ဆတ်မှုပါ။
    နောက်တစ်ချက်က ဝန်ဆောင်မှုကောင်းကိုနားမလည်တဲ့ ဝန်ထမ်းတွေပါ။
    ဝင်ငွေပုံမှန်မရှိ တစ်နည်း ဝင်ငွေနည်းတဲ့လူတွေကို ဦးတည်ထားတာလည်း အမှားတစ်ခုပါ။
    အသင့်သောက်သုံးကော်ဖီများစွာပေါ်ထွက်လာတာကလည်း ကော်ဖီဆိုင်တွေကို အကြီးအကျယ်ထိုးနှက်စေပါတယ်။အခုခေတ် ကော်ဖီဆိုင်ထိုင်သူတွေသာ မနက်စာစားခြင်း မိတ်ဆွေနဲ့စကားပြောခြင်း စတာတွေအတွက်ပဲ ဦးစားပေးကြတာ့ဖစ်တ​ြံမတွက် ဖောက်သည်မဆုံးရှုံးဖို့ တွဲဖက်စားသောက်ရတဲ့ fast food or snacks တွေကို ဆန်းသစ်တဲ့နည်းနဲ့ထည့်သွင်းရောင်းချနိုင်ဖို့လိုပါတယ်။

    Reply
  2. Moe says:
    July 19, 2021 at 8:09 pm

    လမ်းထိပ်တွင်ဖွင့်မည့် ကော်ဖီဆိုင်လုပ်ငန်းအတွက် –

    ၁) သွင်းအားစုများ
    – ကော်ဖီဆိုင်ဖွင့်မည့် မြေနေရာနှင့် အဆောက်အဦး အပြင်အဆင်ဒီဇိုင်းများ
    – ငွေကြေးအထောက်အပံ့ရနိုင်မည့် ပံ့ပိုးသူများ (သို့) အဖွဲ့အစည်းများ (သို့) ကိုယ်ပိုင်ငွေ အရင်းအနှီးများ
    – ကော်ဖီဆိုင်အတွက် စီမံခန့်ခွဲအုပ်ချုပ်မှုပြုလုပ်မည့် ပိုင်ရှင် (သို့) စီမံထိန်းချုပ်မည့်တာဝန်ရှိသူများ
    – ကော်ဖီစေ့များ၊ ကော်ဖီမှုန့်များ နှင့် ကော်ဖီဖျော်ရာတွင် အသုံးပြုမည့် စက်ပစ္စည်းများနဲ့ ကိရိယာတန်ဆာပလာများ
    – ကော်ဖီဖျော်ကျွမ်းကျင်သူဝန်ထမ်းများနဲ့ အလုပ်သင်များ
    – ကော်ဖီနဲ့ တွဲဖက်စားသုံးမည့် မုန့်များအတွက် ကုန်ကြမ်းများ နဲ့ မုန့်လုပ်စက်ပစ္စည်းကိရိယာများ
    – မုန့်လုပ်ဝန်ထမ်းများ (သို့) မုန့်မှာယူရမည့်ရောင်းချသူများ
    – ဆိုင်တွင်းဆိုင်ပြင်ရောင်းချခြင်းအတွက် ထည့်စရာပစ္စည်းများနှင့် အစားအသောက်အပြင်အဆင်များ…စသည်များ

    ၂) စားသုံးသူရဲ့ လိုအင်ဆန္ဒနဲ့လိုအပ်ချက်
    – သန့်ရှင်းလတ်ဆတ်ပြီး အရသာကောင်းခြင်း
    – အစားအသောက် ပြင်ဆင်ပုံ နှစ်လိုဖွယ်ရှိခြင်း
    – ဈေးနှုန်းနှင့် အစားအသောက်အရသာ၊ စိတ်ကျေနပ်ဖွယ်ဝန်ဆောင်မှုတို့ တန်ရာတန်ကြေးဖြစ်ခြင်း
    – အထူးအားဖြင့် ကပ်ရောဂါစသဖြင့်ဖြစ်ပွားချိန်များတွင် စားသုံးသူလိုအပ်ချက်ကို ယုံကြည်စိတ်ချရဖွယ်နည်းလမ်းများဖြင့် ရောင်းချပေးနိုင်ခြင်း…စသည်များ

    ၃) လုပ်ငန်းကို ချက်ချင်းလက်ငင်း အကျိုးသက်ရောက်နိုင်တဲ့ ပါတ်ဝန်းကျင်
    – လုပ်ငန်း၏စီမံခန့်ခွဲမှုနှင့်ထိန်းချုပ်မှုအတွက် နည်းလမ်းကောင်းများ၊လူကောင်းများနှင့် နည်းပညာကောင်းများ အသုံးပြုနိုင်ခြင်း
    – လုပ်ငန်းအတွက် လိုအပ်သောငွေကြေး အရင်းအနှီးအတွက် ပံ့ပိုးနိုင်သော ဝန်းကျင်ကောင်းရှိခြင်း
    – ကော်ဖီနှင့် မုန့်လုပ်ကုန်ကြမ်းများ အရည်အသွေးပြည့်မီအောင် နှင့် စဉ်ဆက်မပြတ်ရနိုင်အောင် ချိတ်ဆက်ထားနိုင်မှုရှိခြင်း
    – ကျွမ်းကျင်လုပ်သားများရှိခြင်း နှင့် ဝန်ထမ်းသစ်များကို လေ့ကျင့်သင်ကြားပေးနိုင်မှု အားကောင်းခြင်း
    – စားသုံးမှုအတွက် စိတ်ချယုံကြည်ဖွယ် ပစ္စည်းများ(ကော်ဖီအမျိုးမျိုးနဲ့မုန့်များ)နှင့် ဝန်ဆောင်မှုများရှိခြင်း
    – ဈေးကွက်နှင့်စားသုံးသူများ၏ လိုအပ်ချက်များကိုနားလည်ပြီး စားသုံးမှုများရဲ့ တုံ့ပြန်ချက်များအလိုက် ပြင်ဆင် ဖြည့်စွက်နိုင်မှုများရှိခြင်း…စသည်များ

    ၄) လုပ်ငန်းကိုယေဘူဘျ လွှမ်းမိုးမှုရှိတဲ့ ပြင်ပ ပတ်ဝန်းကျင်
    – နိုင်ငံရေးတည်ငြိမ်မှုရှိခြင်းဖြင့် စီးပွားရေးလုပ်ငန်းများပုံမှန်တိုးတက်မှုရှိပြီး စားသုံးသူများ၏ဝင်ငွေကောင်းများရှိနေစေနိုင်လျက် အရည်အသွေးမြင့်စားသုံးကုန်များ ပုံမှန်စားသုံးနိုင်မှုကို ခန့်မှန်းတွက်ချက်နိုင်ခြင်း
    – တရားဥပဒေစိုးမိုးမှုရှိသဖြင့် စားသုံးသူများမှာ ကိုယ်ရောစိတ်ပါလုံခြုံမှုရှိစွာ ပုံမှန်စားသုံးမှု ရှိနေခြင်း
    – စားသုံးသူ လူဦးရေအချိုးအစား တည်ငြိမ်ခြင်း (သို့) ပိုများလာနိုင်ခြင်း
    – နည်းပညာတိုးတက်မှုများ အချိန်နှင့်အမျှ တိုးတက်လာနိုင်ခြင်းဖြင့် လုပ်ငန်းလည်ပတ်စီးဆင်းမှုကို အားကောင်းစွာ ထောက်ပံ့ပေးနိုင်ခြင်း…စသည်များ

    Reply
  3. Sai Kaung Htet says:
    July 31, 2021 at 9:08 pm

    ပတ်ဝန်းကျင်အရ​ပြောရမယ်ဆိုရင် ချက်ချင်းတိုက်ရိုက် အကျိုးသက်​ရောက်နိုင်တဲ့ ပတ်ဝန်းကျင်မှာဆိုရင် ​ Suppliers ​​တွေအဓိကပါဝင်ပါမယ်။ ဆိုင်ရဲ့အဓိကကုန်ကြမ်းဟာ suppliers ​​တွေဆီကရတာမလို့ အဓိကအ​လေးထားရပါမယ်။ ​​နောက်တစ်ခုက employees ​တွေပါ။ Customers ​တွေကို services ​ပေးဖို့ ဝန်ထမ်းအဆင်မ​ပြေရင် အခက်အခဲရှိတဲ့အတွက် employees ​တွေကိုလည်းအ​လေးထားရပါမယ်။ ​နောက်ထပ်​ယေဘုယျ သက်​ရောက်မယ့် ပတ်ဝန်းကျင်အ​နေနဲ့ကြည့်မယ်ဆိုရင် စည်ပင်ကချမှတ်မယ့် အခွန်အခနှုန်းထား၊ အစိုးရကသတ်မှတ်မယ့် စနစ်အ​ပြောင်းအလဲ​တွေပါဝင်ပါမယ်။ အခု​​ခေတ်မှာဆိုရင် ​ကော်ဖီဆိုင် ​လေး​တွေ​ပေါများလာတာနဲ့အမျှ ပြိုင်ဘက်​တွေကိုလည်းဆန်းစစ်ပြီး မီနူးအဆန်​လေးများ ထည့်သွင်းခြင်း၊ ဒစ်စ​က​ောင့်ပရိုမိုးရှင်းများ​ပေးခြင်း၊ ဆိုင်ပတ်ဝန်ကျင်း သပ်ရပ် ဆွဲ​​ဆောင်မှုရှိခြင်းတို့ကို အ​လေးထားကာ စားသုံးသူကိုဆွဲ​​ဆောင်ရပါမယ်။

    Reply

Leave a Reply to Moe Cancel reply

မေးခွန်းလွှာ ၂-၁
Prev
မေးခွန်းလွှာ ၂-၂
Next
Facebook Twitter

© 2025 SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About