Skip to content
SBS-MM

SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About
Facebook Twitter
SBS-MM
SBS-MM
  • Home
  • All Courses
  • Economics
  • Introduction to Business Economics

Introduction to Business Economics

Curriculum

  • 7 Sections
  • 15 Lessons
  • Lifetime
Expand all sectionsCollapse all sections
  • အခန်း ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘောဂဗေဒနိဒါန်း
    4
    • 2.1
      သင်ခန်းစာ ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒ
    • 2.2
      မေးခွန်းလွှာ ၁-၁
      10 Minutes2 Questions
    • 2.3
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒကို ဘာလို့လေ့လာသင့်သလဲ
    • 2.4
      မေးခွန်းလွှာ ၁-၂
      10 Minutes2 Questions
  • အခန်း ၂။ စီးပွားရေးလုပ်ငန်းသဘောသဘာဝနှင့် ပတ်ဝန်းကျင်
    4
    • 3.1
      သင်ခန်းစာ ၁။ စီးပွားရေး၏ အဓိပ္ပါယ်နှင့် သဘောသဘာဝ
    • 3.2
      မေးခွန်းလွှာ ၂-၁
      20 Minutes4 Questions
    • 3.5
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်း၏ ပတ်ဝန်းကျင်
    • 3.6
      မေးခွန်းလွှာ ၂-၂
      20 Minutes3 Questions
  • အခန်း ၃။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒနောက်ခံ
    4
    • 4.1
      သင်ခန်းစာ ၁။ ဘောဂဗေဒ၏ အဓိပ္ပါယ်
    • 4.2
      မေးခွန်းလွှာ ၃-၁
      20 Minutes4 Questions
    • 4.3
      သင်ခန်းစာ ၂။ ဈေးကွက် အင်အားစုများ
    • 4.4
      မေးခွန်းလွှာ ၃-၂
      20 Minutes4 Questions
  • အခန်း ၄။ စီးပွားရေးလုပ်ငန်း၏ စွမ်းဆောင်ရည်၊ ပိုင်ဆိုင်မှုပုံစံ နှင့် ရည်ရွယ်ချက်
    4
    • 5.1
      သင်ခန်းစာ ၁။ လုပ်ငန်းတခု၏ စွမ်းဆောင်ရည် နှင့် ရည်ရွယ်ချက်
    • 5.2
      မေးခွန်းလွှာ ၄-၁
      15 Minutes3 Questions
    • 5.3
      သင်ခန်းစာ ၂။ လုပ်ငန်းတရားဝင်ပိုင်ဆိုင်မှုပုံစံ
    • 5.4
      မေးခွန်းလွှာ ၄-၂
      15 Minutes3 Questions
  • အခန်း ၅။ စားသုံးသူနဲ့ ဈေးကွက်ဝယ်လိုအား
    8
    • 6.1
      သင်ခန်းစာ ၁။ စာသုံးသူ၏ အမူအကျင့်
    • 6.2
      မေးခွန်းလွှာ ၅-၁
      15 Minutes3 Questions
    • 6.3
      သင်ခန်းစာ ၂။ ဝယ်လိုအားဥပဒေသ
    • 6.4
      မေးခွန်းလွှာ ၅-၂
      10 Minutes2 Questions
    • 6.5
      သင်ခန်းစာ ၃။ စားသုံးသူရရှိသည့်အပိုတန်ဖိုး
    • 6.6
      မေးခွန်းလွှာ ၅-၃
      15 Minutes3 Questions
    • 6.7
      သင်ခန်းစာ ၄။ ဝယ်လိုအားအလျော့အတင်းတုံ့ပြန်မှု
    • 6.8
      မေးခွန်းလွှာ ၅-၄
      30 Minutes6 Questions
  • အခန်း ၆။ ရောင်းလိုအား၊ ကုန်ကျစရိတ်နှင့် အမြတ်
    4
    • 7.1
      သင်ခန်းစာ ၁။ ရောင်းလိုအားနှင့် ဈေးကွက်ရောင်းလိုအား
    • 7.2
      မေးခွန်းလွှာ ၆-၁
      10 Minutes2 Questions
    • 7.3
      သင်ခန်းစာ ၂။ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အမြတ်
    • 7.4
      မေးခွန်းလွှာ ၆-၂
      20 Minutes4 Questions
  • သင်တန်းနိဂုံး
    1
    • 13.1
      သင်တန်းနိဂုံးနှင့် သင်တန်းအပေါ်ကျေနပ်မှု စစ်တမ်း

သင်ခန်းစာ ၁။ ဘောဂဗေဒ၏ အဓိပ္ပါယ်

စီးပွားရေးပညာရှင် ဂျွန်မေနတ်ကိန်းအဆိုအရ ဘောဂဗေဒဆိုတာ အယူဝါဒတရပ်မဟုတ်ဘဲ မှန်ကန်တဲ့ ကောက်ချက်တွေချမှတ်နိုင်ဖို့အတွက် နည်းစံနစ်တခု၊ စဥ်းစားတွေးခေါ်မှု ယန္တယားတရပ်၊ စဥ်းစားဆင်ခြင်မှု နည်းလမ်းတခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ တနည်းအားဖြင့် ဘောဂဗေဒဘာသာရပ်က လူတဦးကို ဘယ်လို စဥ်းစားတွေးခေါ်ရမယ်ဆိုတာကို သင်ပေးပြီး ဘာကို စဥ်းစားတွေးခေါ်ရမယ်ဆိုတာကို သင်ပေးတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ဘောဂဗေဒက လူ့အဖွဲ့အစည်းရဲ့ အခြေခံပြသနာဖြစ်တဲ့ အရင်းအမြစ်တွေ ခွဲဝေမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်း မလဲဆိုတာကို အလေးပေးပါတယ်။ ဒီပြသနာရဲ့ အဓိကအချက်ကတော့ ရှားပါးမှု၊ ရွေးချယ်မှု နဲ့ အခွင့်အလမ်း တန်ဖိုး စတာတွေနဲ့ သက်ဆိုင်တဲ့  သဘောတရားတွေဖြစ်ပါတယ်။ ဒါကြောင့် ဘောဂဗေဒဆိုတာ ရှားပါးမှုနဲ့ ကြုံတွေ့လာတဲ့အခါ လူတွေဘယ်လို စဥ်းစားဆုံးဖြတ်သလဲဆိုတာကို လေ့လာတဲ့ ဘာသာရပ် ဖြစ်ပါတယ်။

ဘောဂဗေဒဆိုင်ရာ ရှားပါးမှု။ စီးပွားရေးဆိုင်ရာ အရင်းအမြစ်တွေဟာ  အကန့်အသတ်ရှိပေမဲ့  ဒီအရင်းအမြစ်တွေကို လိုအပ်ချက်ကတော့ အဆုံးမဲ့ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ လူသားတွေရဲ့ လိုအင်ဆန္ဒတွေဟာ စီးပွားရေးဆိုင်ရာ အရင်းအမြစ်တွေက ဖြည့်ဆည်းပေးနိုင်တာထက် ကျော်လွန်နေတဲ့ အချက်ပါ။

ရွေးချယ်မှု။ လူတစ်ဦးချင်းစီနဲ့ ကုမ္ပဏီတွေ၊ အစိုးရတွေ အနေနဲ့ ရှားပါးတဲ့ အရင်းအမြစ်များကို အသုံးပြုဖို့ ရွေးချယ်စရာနည်းလမ်းတွေ အကြား ရွေးချယ် ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

အခွင့်အလမ်းတန်ဖိုး။ တစုံတခုကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် စွန့်လွတ်လိုက်ရတဲ့  အကောင်းဆုံး တခြားရွေးချယ်စရာတခုရဲ့ အစစ်အမှန် တန်ဖိုးပါ။ ဘောဂဗေဒဘာသာရပ်မှာ အရာဝတ္ထုတခုရဲ့ တန်ဖိုးကို စာရင်းကိုင်ပညာရပ်မှာလို ငွေကြေးတန်ဖိုးနဲ့ မသတ်မှတ်ပဲ အခွင့်အလန်းတန်ဖိုးနဲ့ သတ်မှတ်ပါတယ်။  

လူ့အဖွဲ့အစည်းရှု့ထောင့်ကကြည့်ရင် ဘောဂဗေဒဆိုင်ရာ ရှားပါးမှုကြောင့် စီးပွားရေးဆိုင်ရာ အရင်းအမြစ်တွေကို ရွေးချယ်စရာနည်းလမ်းတွေ အကြားခွဲဝေသုံးစွဲဖို့ လိုအပ်ပါတယ်။ ဘယ်လူ့အဖွဲ့အစည်းမှာမဆို  ဒီအရင်းအမြစ် ခွဲဝေချထားမှု အခြေခံပြသနာက အဓိက အကျပ်အတည်းသုံးခုကိုဖြစ်ပေါ်စေပါတယ်။

  • ရှိရင်းစွဲ အရင်းအမြစ်တွေကို ဘာအတွက် အသုံးပြုမလဲ။
  • ဒီ အရင်းအမြစ်တွေကို ဘယ်လို အကောင်းဆုံး အသုံးပြုမလဲ။
  • ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ဘယ်သူတွေအတွက် ထုတ်လုပ်ဖြန့်ဝေမလဲ။

ဒီပြသနာတွေကို လူ့အဖွဲ့အစည်းကဖြေရှင်းတဲ့ နည်းလမ်းအပေါ်မူတည်ပြီး လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး၊ ဗဟိုဦးစီးချုပ်ကိုင်စီးပွားရေး၊ ဈေးကွက်အခြေခံ စီးပွားရေးဆိုပြီး စံနစ်တွေကွဲပြားသွားတာ ဖြစ်ပါတယ်။

စဥ်းစားဆွေးနွေးရန်အချက်။

  • ဘောဂဗေဒဆိုင်ရာ ရှားပါးမှု (Scarcity) နဲ့ ဈေးကွက်အတွင်းမှာ ကုန်ပစ္စည်းပြတ်လပ်မှု (Shortage) ဘယ်လို ကွာခြားသလဲ။
  • လူအများလိုလားနှစ်သက်ပြီး ရှားပါးမှုမရှိ လိုသလောက်ရနိုင်တဲ့ ကုန်စည်ရှိသလား။
  • သင်မနေ့က ပြုလုပ်ခဲ့တဲ့ အပြုအမူ ၅ ခုကို စဥ်းစားပြီး အပြုအမူ တခုချင်းစီရဲ့ အခွင့်အလမ်း တန်ဖိုးကို သုံးသပ်ပါ။

သင်ခန်းစာ ဗီဒီယိုကို ကြည့်ရှုပြီး သို့မဟုတ် သင်ခန်းစာကို ဖတ်ပြီး ပါက Complete သို့မဟုတ် Next ကိုနှိပ်ပြီး နောက်သင်ခန်းစာ၊ မေးခွန်းလွှာကို ကူးပြောင်းပါ။

2 Comments

  1. Han Win Aung says:
    July 13, 2021 at 4:35 am

    ​ဘောဂ​ဗေဒဆိုင်ရာ ရှားပါးမှု(scarcity) ဆိုတာ လူ​တွေရဲ့ အ​တောမသတ်နိုင်တဲ့ အကန့်အသတ်မရှိတဲ့ လိုအင်ဆန္ဒ​တွေကို ဖြည့်စည်းဖို့ မတတ်နိုင်တာကို ဆိုလိုပြီး ကုန်ပစ္စည်း ပြတ်လပ်မှု (shortage) ဆိုတာက​တော့ ကုန်ပစ္စည်း တခုခုက ​စျေးကွက်အတွင်း ဝယ်လိုအား မြင့်မားမှု၊ သို့မဟုတ် ထုတ်လုပ်နိုင်စွမ်းအကန့်အသတ်​ကြောင့် အချိန်ကာလတခုအတွင်းသာ ​တွေ့ကြုံနိုင်မှာ ဖြစ်ပါတယ်။
    လူအများလိုလားနှစ်သက်ပြီး ရှားပါးမှုမရှိ လိုသလောက်ရနိုင်တဲ့ ကုန်စည် ဆိုတာ မရှိပါဘူး။

    Reply
  2. Sai Kaung Htet says:
    August 2, 2021 at 1:48 pm

    ●●မိမိနားလည်ချက်အရ ဘောဂဗေဒ ဆိုင်ရာ ရှားပါးမှု ( Scarcity ) တွင် စီးပွားရေးလုပ်ငန်းသုံး ကုန်ချောထုတ်ရန် လိုအပ်သည့် လုပ်သားအင်အားစု၊ ငွေကြေးအင်အားစု နှင့် အခြားအရင်းအမြစ် ရှားပါးမှုများပါ ဝင်မည်ဟုထင်ပါသည်။ ကုန်စည်ပြတ်လတ်မှု ( Shortage ) တွင်မူ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ပြသနာများ၊ နိုင်ငံရေးအခြေအနေများကြောင့် ဝယ်လိုအားများ၍ ကုန်ကြမ်းပစ္စည်းများစျေးတက်မြင့်မားကာ ကုန်ချောထုတ်နိုင်စွမ်းကျဆင်းခြင်းတို့ကြောင့်ဟု ထင်မြင်ယူဆရပါသည်။
    ●●လူအများလိုလားနှစ်သက်ပြီး ရှားပါးမှုမရှိ လိုသလောက်ရနိုင်တဲ့ကုန်စည်ကိုကြည့်မယ်ဆိုရင် အရာရာတိုင်းကတော့ ကုန်ကြမ်းကနေတဆင့် ကုန်ချောကို ထုတ်လုပ်ရတာဖြစ်တဲ့အတွက် ကြားခံ ကုန်ချောထုတ်လုပ်မယ့် အရင်းအမြစ် ရှားပါးမှုမရှိ၊ တခြားသော လုပ်ငန်းအပေါ်စိုးမိုးသက်ရောက်မှုအပြင်းအထန်မရှိရင်တော့ လိုသလောက်ရနိုင်မှာဖြစ်ပြီး ဆိုးဝါးသော အကျိုးသက်ရောက်မှုတစ်စုံတစ်ရာရှိရင်တော့ ရရှိနိုင်မှု လျော့နည်းမှာဖြစ်ပါတယ်။ သို့ဖြစ်သောကြောင့် ထိုသို့ ရနိုင်သော ကုန်စည်မှာရှားပါးပြီး ထိုသို့ရရှိနိုင်မှုမှာ စျေးကွက်အခြေအနေ၊ အရင်းအမြစ်အခြေအနေ တို့အပေါ်တွင်သာ မူတည်မည်ဟု ယူဆပါသည်။

    1. စာသင်ခြင်း : : မနေ့က စာသင်ကြားပါသည်။ မိမိလိုအပ်သည့် သင်ခန်းစာများရယူခြင်းကို စာသင်ကြားခြင်း လုပ်ငန်းစဥ်တွင်ပြုလုပ်ရတဲ့အတွက် တခြား အနားယူခြင်းလုပ်ငန်းစဥ်ဖြစ်တဲ့ ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း တို့ကို ရပ်နားထားရသည့် အခွင့်အလမ်းတန်ဖိုးကိုရရှိပါသည်။
    2. ထိုနည်းတူစွာ စိတ်အနားယူရန် ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း တို့ပြုလုပ်မှုကြောင့်လည်း စာသင်ယူရသည့်လုပ်ငန်းစဥ်ကို ရပ်နားထားရသည့် အခွင့်အလမ်းတန်ဖိုးကို ရရှိပါသည်။
    3. အခကြေးငွေပေးသွင်းခြင်း : : ကျွန်တော်ဟာ နှစ်သက်သည့် ပစ္စည်းလေးတစ်ခုဝယ်ယူရန် စုငွေရှိခဲ့ပါသည်။ သို့သော်လည်း ယခုအချိန် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေမှုကြောင့် အခက်အခဲများစွာရှိသောကြောင့် ထိုပစ္စည်းကိုဝယ်ယူမည့်အစား Online သင်တန်းတစ်ခုကို ထိုငွေကြေးအသုံးပြု၍ အပ်နှံခဲ့ပါသည်။ ထို့ကြောင့် မိမိနှစ်သက်သော ပစ္စည်းကိုစွန့်လွှတ်၍ သင်တန်းတစ်ခုတက်ရောက်ခဲ့ခြင်းကြောင့် အခွင့်အလမ်းတန်ဖိုးဖြစ်ပေါ်ပါသည်။

    Reply

Leave a Reply to Han Win Aung Cancel reply

မေးခွန်းလွှာ ၂-၂
Prev
မေးခွန်းလွှာ ၃-၁
Next
Facebook Twitter

© 2025 SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About