Skip to content
SBS-MM

SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About
Facebook Twitter
SBS-MM
SBS-MM
  • Home
  • All Courses
  • Economics
  • Introduction to Business Economics

Introduction to Business Economics

Curriculum

  • 7 Sections
  • 15 Lessons
  • Lifetime
Expand all sectionsCollapse all sections
  • အခန်း ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘောဂဗေဒနိဒါန်း
    4
    • 2.1
      သင်ခန်းစာ ၁။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒ
    • 2.2
      မေးခွန်းလွှာ ၁-၁
      10 Minutes2 Questions
    • 2.3
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒကို ဘာလို့လေ့လာသင့်သလဲ
    • 2.4
      မေးခွန်းလွှာ ၁-၂
      10 Minutes2 Questions
  • အခန်း ၂။ စီးပွားရေးလုပ်ငန်းသဘောသဘာဝနှင့် ပတ်ဝန်းကျင်
    4
    • 3.1
      သင်ခန်းစာ ၁။ စီးပွားရေး၏ အဓိပ္ပါယ်နှင့် သဘောသဘာဝ
    • 3.2
      မေးခွန်းလွှာ ၂-၁
      20 Minutes4 Questions
    • 3.5
      သင်ခန်းစာ ၂။ စီးပွားရေးလုပ်ငန်း၏ ပတ်ဝန်းကျင်
    • 3.6
      မေးခွန်းလွှာ ၂-၂
      20 Minutes3 Questions
  • အခန်း ၃။ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒနောက်ခံ
    4
    • 4.1
      သင်ခန်းစာ ၁။ ဘောဂဗေဒ၏ အဓိပ္ပါယ်
    • 4.2
      မေးခွန်းလွှာ ၃-၁
      20 Minutes4 Questions
    • 4.3
      သင်ခန်းစာ ၂။ ဈေးကွက် အင်အားစုများ
    • 4.4
      မေးခွန်းလွှာ ၃-၂
      20 Minutes4 Questions
  • အခန်း ၄။ စီးပွားရေးလုပ်ငန်း၏ စွမ်းဆောင်ရည်၊ ပိုင်ဆိုင်မှုပုံစံ နှင့် ရည်ရွယ်ချက်
    4
    • 5.1
      သင်ခန်းစာ ၁။ လုပ်ငန်းတခု၏ စွမ်းဆောင်ရည် နှင့် ရည်ရွယ်ချက်
    • 5.2
      မေးခွန်းလွှာ ၄-၁
      15 Minutes3 Questions
    • 5.3
      သင်ခန်းစာ ၂။ လုပ်ငန်းတရားဝင်ပိုင်ဆိုင်မှုပုံစံ
    • 5.4
      မေးခွန်းလွှာ ၄-၂
      15 Minutes3 Questions
  • အခန်း ၅။ စားသုံးသူနဲ့ ဈေးကွက်ဝယ်လိုအား
    8
    • 6.1
      သင်ခန်းစာ ၁။ စာသုံးသူ၏ အမူအကျင့်
    • 6.2
      မေးခွန်းလွှာ ၅-၁
      15 Minutes3 Questions
    • 6.3
      သင်ခန်းစာ ၂။ ဝယ်လိုအားဥပဒေသ
    • 6.4
      မေးခွန်းလွှာ ၅-၂
      10 Minutes2 Questions
    • 6.5
      သင်ခန်းစာ ၃။ စားသုံးသူရရှိသည့်အပိုတန်ဖိုး
    • 6.6
      မေးခွန်းလွှာ ၅-၃
      15 Minutes3 Questions
    • 6.7
      သင်ခန်းစာ ၄။ ဝယ်လိုအားအလျော့အတင်းတုံ့ပြန်မှု
    • 6.8
      မေးခွန်းလွှာ ၅-၄
      30 Minutes6 Questions
  • အခန်း ၆။ ရောင်းလိုအား၊ ကုန်ကျစရိတ်နှင့် အမြတ်
    4
    • 7.1
      သင်ခန်းစာ ၁။ ရောင်းလိုအားနှင့် ဈေးကွက်ရောင်းလိုအား
    • 7.2
      မေးခွန်းလွှာ ၆-၁
      10 Minutes2 Questions
    • 7.3
      သင်ခန်းစာ ၂။ ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အမြတ်
    • 7.4
      မေးခွန်းလွှာ ၆-၂
      20 Minutes4 Questions
  • သင်တန်းနိဂုံး
    1
    • 13.1
      သင်တန်းနိဂုံးနှင့် သင်တန်းအပေါ်ကျေနပ်မှု စစ်တမ်း

သင်ခန်းစာ ၂။ ဈေးကွက် အင်အားစုများ

စျေးကွက်တစ်ခုဆိုတာ ၀ယ်သူတွေနဲ့ ရောင်းသူတွေကို အတူတကွ ပေါင်းစပ်ပေးတဲ့ လဲလှယ်မှုယန္တရား တစ်ခုဖြစ်ပါတယ်။ ဈေးကွက်ထဲက လဲလှယ်မှုတိုင်းမှာ ဘက် ၂ ဘက်ရှိပြီး တန်ဘိုးရှိတဲ့ အရာတွေကို လဲလှယ်တာဖြစ်ပါတယ်။ ဈေးကွက်ရဲ့ အဓိကလုပ်ဆောင်ချက်က ဈေးနှုံးသတ်မှတ်တာဖြစ်ပါတယ်။

ဈေးကွက်ဝယ်လိုအားဆိုတာ အချိန်တခုအတွင်း ဈေးနှုံးတစုံတရာမှာ စားသုံးများက ဝယ်ယူလိုပြီး ဝယ်ယူနိုင်စွမ်းရှိသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ပမာဏဖြစ်ပါတယ်။

ဈေးကွက် ဝယ်လိုအားကို ပြဌာန်းတဲ့ အချက်တွေကတော့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရဲ့ ဈေးနှုံး၊ ဆက်စပ်ကုန်စည်များရဲ့ ဈေးနှုံး၊ စားသုံးသူဝင်ငွေ၊ စားသုံးသူရဲ့ ကြိုက်နှစ်သက်မှု၊ စားသုံးသူအရေအတွက်၊ ကြော်ငြာ နဲ့ စားသုံးသူရဲ့ မျှော်လင့်ချက် စတာတွေဖြစ်ပါတယ်။

ဝယ်လိုအားဥပဒေသအရ ကုန်စည်တခုရဲ့ ဈေးနှုံးနဲ့ ဝယ်ယူတဲ့အရေအတွက်ဟာ ပြောင်းပြန်အချိုးကျပြီး ဒီဆက်စပ်မှုကို ဝယ်လိုအားမျဥ်းနဲ့ ဖေါ်ပြနိုင်ပါတယ်။ ကျန်တဲ့ဝယ်လိုအားကို ပြဌာန်းတဲ့ အချက်တွေ မပြောင်းလဲဘဲ ပုံမှန်ကုန်စည်တခု ဈေးတက်ရင် ဝယ်ယူလိုတဲ့ အရေအတွက် ကျဆင်းသွားပြီး ဒီအပြောင်းအလဲဟာ ရှိရင်းစွဲ ဝယ်လိုအားမျဥ်းပေါ်မှာ အထက်အောက် ပြောင်းလဲမှုဖြစ်ပါတယ်။ ကုန်စည်ရဲ့ ဈေးနှုံးကလွဲပြီး ကျန်တဲ့ဝယ်လိုအားကို ပြဌာန်းတဲ့ အချက်တွေဖြစ်တဲ့ ဝင်ငွေ၊ စားသုံးသူရဲ့ ကြိုက်နှစ်သက်မှုစတာတွေ ပြောင်းလဲရင်တော့ ဝယ်လိုအားပြောင်းလဲမှုလို့ ရည်ညွှန်းပြီး ဝယ်လိုအားမျဥ်းကို ဘေးတိုက်ရွေ့ရှားစေမှာ ဖြစ်ပါတယ်။

ဈေးကွက်ရောင်းလိုအားဆိုတာကတော့ အချိန်တခုအတွင်း ဈေးနှုံးအသီးသီးမှာ ထုတ်လုပ်မဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ပမာဏဖြစ်ပါတယ်။

ဈေးကွက် ရောင်းလိုအားကို ပြဌာန်းတဲ့ အချက်တွေကတော့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရဲ့ ဈေးနှုံး၊ ကုန်ကြမ်းပစ္စည်းဈေးနှုံး၊ နည်းပညာ၊ အစိုးရ မူဝါဒစည်းမျဥ်း၊ ထုတ်လုပ်သူအရေအတွက်၊ အစားထိုးကုန်စည်၊ အခွန်အကောက် နဲ့ ထုတ်လုပ်သူရဲ့ မျှော်လင့်ချက် စတာတွေဖြစ်ပါတယ်။

ရောင်းလိုအားဥပဒေသအရ ကုန်စည်တခုရဲ့ ဈေးနှုံးနဲ့ ထုတ်လုပ်တဲ့အရေအတွက်ဟာ တိုက်ရိုက်အချိုးကျပြီး ဒီဆက်စပ်မှုကို ရောင်းလိုအားမျဥ်းနဲ့ ဖေါ်ပြနိုင်ပါတယ်။ ကျန်တဲ့ရောင်းလိုအားကို ပြဌာန်းတဲ့ အချက်တွေ မပြောင်းလဲဘဲ ကုန်စည်ရဲ့ ဈေးတက်ရင် ထုတ်လုပ်ရောင်းချလိုတဲ့ အရေအတွက် တိုးတက်လာမှာဖြစ်ပြီး ဒီအပြောင်းအလဲဟာ ရှိရင်းစွဲ ရောင်းလိုအားမျဥ်းပေါ်မှာ အထက်အောက် ပြောင်းလဲမှုဖြစ်ပါတယ်။ ကုန်စည်ရဲ့ ဈေးနှုံးကလွဲပြီး ကျန်တဲ့ရောင်းလိုအားကို ပြဌာန်းတဲ့ အချက်တွေ ပြောင်းလဲရင်တော့ ရောင်းလိုအားပြောင်းလဲမှုလို့ ရည်ညွှန်းပြီး ရောင်းလိုအားမျဥ်းကို ဘေးတိုက်ရွေ့ရှားစေမှာဖြစ်ပါတယ်။

ဈေးကွက်အားမျှခြေ။ လွတ်လပ်စွာပြိုင်ဆိုင်မှုရှိတဲ့ စျေးကွက်တစ်ခုရဲ့ အားမျှခြေစျေးနှုန်းကို စျေးကွက် အတွင်းက ၀ယ်သူတွေနဲ့ ရောင်းသူတွေ အပြန်အလှန်ဆက်ဆံမှု တနည်းအားဖြင့် ဈေးကွက်ဝယ်လိုအားနဲ့ ဈေးကွက်ရောင်းလိုအားတွေက ဆုံးဖြတ်ပါတယ်။

ဈေးကွက်မှာ ကုန်စည်တခုရဲ့ ဈေးနှုံးက အားမျှခြေဈေးနှုံးထက်သိပ်နိမ့်နေမယ်ဆိုရင် ဝယ်လိုအားက ရောင်းလိုအားထက် ကျော်လွန်နေတဲ့အတွက် ကုန်စည်ပြတ်လပ်မှုဖြစ်လာမှာပါ။ ဈေးကွက်မှာ ကုန်စည် ပြတ်လပ်ရင် ဈေးကွက်ဈေးနှုံးနဲ့ ဝယ်လို့မရတဲ့ စားသုံးသူတွေက ဈေးပိုပေးဖို့ ဝန်မလေးတဲ့အတွက် ဈေးတက် လာမှာဖြစ်ပါတယ်။ ကုန်စည်ရဲ့ ဈေးတက်လာရင် ထုတ်လုပ်သူတွေက ပိုပြီးထုတ်လုပ်လာမှာဖြစ်သလို စားသုံးသူတွေရဲ့ ဝယ်လိုအားကလည်း ကျဆင်းလာမှာဖြစ်လို့ ဈေးကွက်အားမျှခြေကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ 

အလားတူဘဲ ဈေးကွက်မှာ ကုန်စည်တခုရဲ့ ဈေးနှုံးက အားမျှခြေဈေးနှုံးထက်သိပ်မြင့်နေမယ်ဆိုရင် ရောင်းလိုအားက ဝယ်လိုအားထက် ကျော်လွန်နေတဲ့အတွက် ကုန်စည်ပိုလျံမှုဖြစ်လာမှာပါ။ ဈေးကွက်မှာ ကုန်ပစ္စည်းတွေ ပိုလျံနေရင် ပစ္စည်းလက်ကျန်များတနေတဲ့ ထုတ်လုပ်သူတွေက ဈေးကွက်ဈေးနှုံးထက် လျှော့ချပြီး ရောင်းတဲ့အတွက် ရောင်းလိုအားများပြီး ဈေးနှုံးကျဆင်း လာမှာဖြစ်ပါတယ်။ ကုန်စည်ရဲ့ ဈေးကျဆင်းလာရင် စားသုံးသူတွေရဲ့ ဝယ်လိုအားက မြင့်တက်လာမှာဖြစ်သလို ထုတ်လုပ်သူတွေက ရောင်းလိုအားကလည်း ကျဆင်းလာမှာဖြစ်တဲ့အတွက် ဈေးကွက်အားမျှခြေကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ 

ဒီလို ကိုယ်ကျိုးစီးပွားကို ဦးစားပေးတဲ့ စားသုံးသူနဲ့ ထုတ်လုပ်သူတွေက ဈေးကွက်ကို အားမျှခြေရောက်အောင် အလိုအလျောက် ထိမ်းကြောင်းတဲ့ စံနစ်ကို ဘောဂဗေဒပညာရှင် အဒမ်စမစ်က မမြင်ရတဲ့ လက်လို့ တင်စား ခဲ့ပါတယ်။ 

စဥ်းစားဆွေးနွေးရန်အချက်။

  • စျေးကွက်တစ်ခုရဲ့ အားမျှခြေစျေးနှုန်းကို ပျက်ပြားစေနိုင်တဲ့ အချက်တွေကို စဥ်းစားသုံးသပ်ပါ။
  • သင် လုပ်နေတဲ့ (စတင်ဖို့ကြံရွယ်နေတဲ့) လုပ်ငန်းက ထုတ်ကုန်ရဲ့ ဝယ်လိုအားကို ပြဌာန်းတဲ့ အချက်တွေကို စဥ်းစားပြီး တခုချင်းစီကို အရေးပါမှုအလိုက် နံပါတ်စဥ်တပ်ပါ။

One Comment

  1. Sai Kaung Htet says:
    August 3, 2021 at 11:10 am

    .ပျက်ပြား​​စေနိုင်တဲ့အချက်​တွေက​​​တော့ ဝယ်လိုအားအဆမတန်မြင့်တက်ခြင်း၊ ကုန်ကြမ်း​စျေးနှုန်များမြင့်တက်ခြင်း ​ကြောင့် ​​ရောင်းအားကျဆင်းခြင်း၊ ​ဝင​်​ငွေ​လျော့နည်းခြင်း​ကြောင့် ဝယ်လိုအားကျဆင်းခြင်းတို့ပါဝင်နုိင်ပါတယ်။

    Reply

Leave a Reply Cancel reply

မေးခွန်းလွှာ ၃-၁
Prev
မေးခွန်းလွှာ ၃-၂
Next
Facebook Twitter

© 2025 SBS-MM

  • Home
  • Courses
  • Account
  • Blogs
  • About